အမေရိကန်နဲ့ ရုရှား မဟာဗျူဟာမြောက်နျူကလီးယားလက်နက်ထိန်းချုပ်ရေးစာချုပ် အဆုံးသတ်ဖွယ်ရှိ

မော်စကို၊ ဇန်နဝါရီ-၃၀-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နဲ့ချုပ်ဆိုထားတဲ့ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်ထိန်းချုပ်ရေး စာချုပ် New START ဟာ ၂၀၂၆ ခုနှစ်မှာ အဆုံးသတ်သွားဖွယ်ရှိတယ်လို့ ရုရှားလက်ထောက်နိုင်ငံခြားရေး၀န်ကြီးက ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဲဒီလိုအဆုံးသတ်သွားမယ့်အခြေအနေဟာ အတော်လေးဖြစ်နိုင်ခြေရှိတယ်လို့ ရုရှားလက်ထောက်နိုင်ငံခြားရေး၀န်ကြီး ဆာဂီရိုက်ကော့ဗ်က အာအိုင်အေသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ သက်တမ်းကုန်ဆုံးမယ့် မဟာဗျူဟာမြောက် နျူကလီးယား လက်နက်ထိန်းချုပ်ရေးစာချုပ်အရ စစ်ဆေးမှုပြန်လည်စတင်ခြင်းဆိုင်ရာ အမေရိကန်-ရုရှားဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် နို၀င်ဘာလမှာ ရပ်ဆိုင်းခဲ့ပါတယ်။

အဲဒီစာချုပ်ကို သက်တမ်းတိုးရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြားဆွေးနွေးပွဲသစ် အချိန်ကာလကို နှစ်နိုင်ငံအကြား သဘောတူခြင်းမရှိသေးပါဘူး။

လက်ရှိမှာတော့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ရုရှားတို့အကြား တင်းမာမှုတွေမြင့်တက်နေပြီး အမေရိကန်၊ ဂျာမနီနဲ့ ပိုလန်တို့က ယူကရိန်းအတွက် အဆင့်မြင့်တင့်ကားတွေ ထောက်ပံ့ပေးဖို့ သဘောတူထားပါတယ်။

Ref: Reuters
Photo: AP
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW