စစ်ကိုင်းတိုင်းမှာ ၁ လအတွင်း လူသတ်မှု ၄၀ ကျော်ဖြစ်ပွားပြီး သေဆုံးသူ ၇၀ ကျော်ရှိ

ဖေဖော်ဝါရီ ၊ ၁ – ၂၀၂၃
SP(VOM)

စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ ၁ လတာ ကာလအတွင်း လူသတ်မှုဖြစ်စဥ် ၄၀ ကျော်ဖြစ်ပွားပြီး ၊ အဲ့ဒီလူသတ်မှုတွေကြောင့် သေဆုံးရတဲ့သူ ၇၀ ကျော်ရှိတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

“လူသတ်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး အရာတော်မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဖြစ်သူ သားအဖ ၂ ယောက်သတ်ခံရတာ အပါအဝင် ၁ လအတွင်း အသတ်ခံရတာ ၁၄ ယောက်ကျော်တယ် ၊ ရွှေဘိုနယ်မှာလည်း တောင်သူတွေ သတ်ခံရတာ ၁၀ ယောက်ကျော်တယ် ၊ ကန့်ဘလူနယ်မှာကတော့ မိသားစုလိုက် အသတ်ခံရလို့ ကလေးငယ် ၂ ယောက်အပါအဝင် ၈ လောင်းပြိုင် ဖြစ်တယ် ၊ ချောင်းဦးမြို့နယ် ၊ ကင်မွန်းတော်ရွာ ၊ ဝက်လက်မြို့နယ် ခေါ််တောရွာ ၊ ရွှေဘိုမြို့နယ် ကူတို့ဆိပ်ရွာ ၊ ရေဦး ၊ ခင်ဦး ၊ ဒီပဲယင်း ၊ တန့်ဆည် ၊ ကောလင်း၊ မုံရွာ စတဲ့ မြို့နယ်တွေမှာလည် လူသတ်မှုတွေ ဖြစ်တယ်” လို့ ဒေသခံ ပရဟိတသမားတွေက ပြောပါတယ်။

မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ နယ်မြေ အမှတ် ၈ မှာရှိတဲ့ လူနေအိမ် တလုံးမှာ ဇန်နဝါရီ ၂ ရက်နေ့ ၊ မနက်ပိုင်းက လူ ၃ ယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီနောက် စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ငါးမြှောင်ကျေးရွာမှာ ဇန်နဝါရီ ၁၄ ရက် မနက်အစောပိုင်းက ၈ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။

စစ်ကိုင်းမြို့နယ် ၊ စံရွေး (အရှေ့)ကျေးရွာမှာ ဇန်နဝါရီ ၂၂ ရက် မနက် ၁၁ နာရီဝန်းကျင်က မိသားစုလိုက် အသတ်ခံရလို့ လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

အဲ့ဒီနောက် ရွှေဘိုမြို့နယ် ၊ ကူတို့ဆိပ်ကျေးရွာနားက ပဲစင်ငုံ ယာခင်းတောထဲမှာ ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းက လူ ၉ ဦး ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့ပါတယ်။

မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ သလဲဘာကျေးရွာမှာ ဇန်နဝါရီ ၂၈ ရက်က ရွာထဲမှာရှိတဲ့ လူနေအိမ် တစ်ရာကျော် မီးရှို့ခံရပြီး ဘုန်းကြီး ၁ ပါး အပါအဝင် လူ ၁၀ ယောက် အသတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီကိစ္စတွေကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

VOM လက်လှမ်းမီသမျှ စုဆောင်းရတဲ့ သတင်းအချက်အလက်များသာဖြစ်ပြီး ကျန်တဲ့ဖြစ်စဉ်ကြောင့် သေဆုံးသူတွေလည်း ရှိနေနိုင်ပါသေးတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW