ပေါင်မြို့နယ်က ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ဟောင်း တဦး ပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂ -၂၀၂၃
SP (VOM)

မွန်ပြည်နယ် ၊ ပေါင်မြို့ ၊ ပေါင်ရပ်ကွက် ၊ ဘူတာရပ် နယ်မြေမှာနေထိုင်တဲ့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးကိုကိုလေး ဆိုသူဟာ မနေ့ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းက ပစ်သတ်ခံရတယ်လို့ ပေါင်မြို့နယ် ထွေ/ အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၆ နာရီခွဲ ၇ နာရီဝန်းကျင်မှာ နေအိမ်စတိုးဆိုင်မှာ ပစ်သတ်ခံရတယ် ၊ ​စျေးဝယ်လာတဲ့ လူငယ် ၂ ယောက်က ၊ ပစ္စတိုသေနတ်နဲ့ ၈ ချက်ပစ်ခံတာကြောင့် နေရာမှာတင် သေဆုံးသွားတာဖြစ်တယ်”လို့ ထွေ/အုပ် ဝန်ထမ်းတယောက်က ပြောပါတယ်။

သေဆုံးသူ ဦးကိုကိုလေး ဆိုသူဟာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဝင် တဦးဖြစ်ပြီး ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၊ မဲဆန္ဒနယ်မြေ ၂ ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တယောက်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသူ ဦကိုကိုလေး ဆိုသူဟာ ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ပါဝင်သူတယောက်ဖြစ်တယ်လို့ သိရပါတယ်။

” ဦးကိုကိုလေး ပစ်သတ်ခံရပြီးနောက်ပိုင်း လူမှုကွန်ယက်ပေါ်မှာ သတင်းတွေ ပျန့်နှံ့လာတယ် ၊ SOF အဖွဲ့က သူ့တို့ လုပ်ကြံသတ်ဖြတ်လိုက်တာလို့ ရေးထားတယ် ၊ ဘာကြောင့် အခုလို သတ်ရတာလည်းဆိုရင် မနေ့က ပြုလုပ်တဲ့ အသံတိတ်သပိတ်မှာ ပါဝင်သူတွေကို မှတ်တမ်းရယူလို့ ဖြစ်တယ်ဆိုပြီး အဲ့ဒီ SOFအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါတယ် “လို့ ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင် တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ ကျောက်ပြောက်ကျေးရွာမှာနေတဲ့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်မြင့်နဲ့ သူ့ရဲ့သားဖြစ်သူ အပါအဝင် သားအဖ ၂ ယောက် ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ပေါင် #ပြည်ခိုင်ဖြိုး #ကိုယ်စားလှယ်ဟောင်းပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW