ဖားကန့်မှာ စားသောက်ဆိုင်ပိုင်ရှင်အမျိုးသမီးကို သူ့ရဲ့ယောကျ်ားဖြစ်သူက ဓားနဲ့မသေမချင်းခုတ်သတ်မှုဖြစ်ပွား

ဖေဖော်ဝါရီ ၂ – ၂၀၂၃
GG(VOM)

ဖားကန့်မြို့၊မော်ဝမ်းရပ်ကွက်က ‘ရွှေရောင်လင်း’ စား​သောက်ဆိုင်ပိုင်ရှင်အမျိုးသမီးကို သူရဲ့ယောကျ်ားဖြစ်သူက ဓားနဲ့အပိုင်းပိုင်းခုတ်ပြီးသတ်ဖြတ်မှု မနေ့ ဖေဖော်ဝါရီ(၂)ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” ည ၁၀ နာရီလောက်မှာအခင်းဖြစ်ပွားတယ်၊
ပိုက်ဆံတောင်းတာမပေးလို့ လင်မယား စကားများရာကနေ မိန်းမကို မသေမချင်းဓားနဲ့ခုတ်သတ်တာလို့သိရတယ်၊အခင်းဖြစ်ချိန် လပေးနဲ့ငှားထားတဲ့အမျိုးသမိးဝန်ထမ်းတွေရှိတယ်၊ရပ်မိရပ်ဖတွေလည်းရှိတယ်သိရတယ်”လို့ ကူညိကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ဖားကန်မြို့ရဲ့အတွင်းရေးမှူးဖြစ်သူကပြောပြပါတယ်။

ပိုင်ရှင်အမျိုးသမီးမှာ လည်ပင်းပြတ်လုနီးပါး ဒဏ်ရာ၊ ညာဘက်ပါးပြင် လှီးဖြတ်ဒဏ်ရာ၊လက်မောင်း လှီးဖြတ်ဒဏ်ရာ စတဲ့ဓားဒဏ်ရာတွေနဲ့ မသေမချင်းခုတ်သတ်ခံရပြီး သေဆုံးသွားတာဖြစ်တယ်လို့ဆိုပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကိုတော့ မနေ့ ညပိုင်းကတည်းက ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြစ်မှုကျူးလွန်သူ ခင်ပွန်းဖြစ်တဲ့ ကိုမျိုးမင်းဇော် အသက် ၃၃ နှစ်ကို ဖားကန့်မြို့မရဲစခန်းကနေ ဖမ်းဆီးထားပြီး အရေးယူဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW