ထိုင်၀မ်ကိုတိုက်ခိုက်ရေးအတွက် တရုတ်စစ်တပ်ကိုအသင့်ပြင်ထားဖို့ ရှီကျင်းပင် အမိန့်ပေးထားကြောင်း စီအိုင်အေအကြီးအကဲပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၃
မျိုးဆက်(VOM)

တရုတ်သမ္မတရှီကျင်းပင်ဟာ ထိုင်၀မ်ကို ၂၀၂၇ ခုနှစ်မှာ ကျူးကျော်တိုက်ခိုက်ဖို့အတွက် အသင့်ရှိနေရန် တရုတ်စစ်တပ်ကို အမိန့်ပေးထားကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ( စီအိုင်အေ) ညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်က ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အခုလို တရုတ်စစ်တပ်ကို အမိန့်ပေးထားခြင်းအပေါ် အမေရိကန်က ထောက်လှမ်းရေးသတင်းအရ သိရှိခဲ့တာဖြစ်တယ်လို့ ဝါရှင်တန်ဒီစီရှိ ဂျော့တောင်းတက္ကသိုလ်မှာပြုလုပ်တဲ့ အခမ်းအနားတခုမှာ စီအိုင်အေညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်ကပြောပါတယ်။

ဒါဟာ တရုတ်သမ္မတအနေနဲ့ ၂၀၂၇ ခုနှစ်မှာ ထိုင်၀မ်ကိုကျူးကျော်တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတယ်လို့ မဆိုလိုကြောင်း၊ သို့သော် ထိုင်၀မ်ကို သိမ်းပိုက်ရေးရည်မှန်းချက်အပေါ် တရုတ်သမ္မတက အလေးအနက်ထား အာရုံစိုက်ထားကြောင်း သတိပေးချက်ဖြစ်တယ်လို့ သူကပြောပါတယ်။

ထိုင်၀မ်အပေါ် တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုဟာ လာမယ့် ခြောက်နှစ်အတွင်း သိသာထင်ရှားစွာ ဖြစ်ပေါ်လာလိမ့်မယ်လို့ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်စစ်ဌာနချုပ် တပ်မှူးဟောင်း ဖိလစ်ဒေးဗစ်ဆန်ကလည်း ၂၀၂၁ ခုနှစ်မှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

ရှီကျင်းပင်ဟာ လက်ရှိအာဏာရ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်အဖြစ် တတိယသက်တမ်း ထမ်းဆောင်လျှက်ရှိပြီး သူ့ရဲ့သက်တမ်းဟာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

Ref: NHK
Photo: Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW