ဟောင်ကောင်တက်ကြွလှုပ်ရှားသူ ၄၇ ဦးကို အမျိုးသားလုံခြုံရေးဥပဒေချိုးဖောက်မှုနဲ့ ရုံးတင်စစ်ဆေး

ဟောင်ကောင်၊ ဖေဖော်ဝါရီ-၆-၂၀၂၃
မျိုးဆက်(VOM)

ဟောင်ကောင်မှာ အငြင်းပွားဖွယ်ရာ အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်မှုနဲ့ တက်ကြွလှုပ်ရှားသူ ၄၇ ဦးကို ဖေဖော်ဝါရီ ၆ ရက်မှာ ရုံးတင်စစ်ဆေးခဲ့ပြီး လုံခြုံရေးဥပဒေနဲ့ ရုံးတင်စစ်ဆေးခဲ့တဲ့ အကြီးဆုံးတရားခွင်ဖြစ်ပါတယ်။

ရုံးတင်စစ်ဆေးခဲ့သူများထဲမှာ တက်ကြွလှုပ်ရှားသူ ဂျောရှုဝေါင်နဲ့ ဘန်နီတိုင်တို့လည်းပါ၀င်ပါတယ်။

ထင်ရှားသောတက်ကြွလှုပ်ရှားသူတွေ၊ ဥပဒေပညာရှင်တွေနဲ့ ယခင်လွှတ်တော်အမတ်တွေပါ၀င်တဲ့ သူတွေဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တသက်တကျွန်းကျခံရမှာဖြစ်ပါတယ်။

သူတို့ဟာ ဟောင်ကောင်ဥပဒေပြုကောင်စီမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်သူတွေကို တရားမ၀င်ရွေးကောက်ပွဲကျင်းပပြီး ရွေးချယ်ခဲ့ကာ ဟောင်ကောင်အစိုးရကို ဖြုတ်ချဖို့ ကြံစည်တယ်လို့ စွပ်စွဲခံထားရပါတယ်။

အဆိုပါအမျိုးသားလုံခြုံရေးဥပဒေဟာ အတိုက်အခံတွေကို နှိပ်ကွပ်ရန်အသုံးပြုနေကြောင်း ဝေဖန်သူတွေကဆိုပါတယ်။ ဒါပေမယ့်် တရုတ်နဲ့ ဟောင်ကောင်အာဏာပိုင်တွေကတော့ မငြိမ်မသက်မှုတွေကို တားဆီးရန်အတွက် အဲဒီဥပဒေလိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

တရားခွင်မစမီမှာ ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူအချို့က ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးနဲ့ အတိုက်အခံတွေကို နှိပ်ကွပ်မှုဟာ ရှက်ဖွယ်ဖြစ်ကြောင်း စာတမ်းတွေကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

Ref: BBC
Photo: AFP
#voiceofmyanmar #VOM #ဟောင်ကောင်

Related posts

Leave a Comment

VOM News

FREE
VIEW