အာရှရဲ့အကြီးဆုံး ရဟတ်ယာဉ်ထုတ်လုပ်ရေးစက်ရုံသစ် အိန္ဒိယမှာဖွင့်လှစ်

ဒေလီ၊ ဖေဖော်ဝါရီ-၇-၂၀၂၃
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ကြီးထွားလာတဲ့ စစ်ရေးအင်အားကိုတန်ပြန်ဖို့အတွက် ကာကွယ်ရေးဆိုင်ရာ တွန်းအားပေးမှုတရပ်အဖြစ် တနှစ်ကိုရဟတ်ယာဉ်အစင်းရေ တထောင်ထက်မနည်းထုတ်လုပ်နိုင်တဲ့ အကြီးဆုံးစက်ရုံကို ဖေဖော်ဝါရီ ၆ ရက်မှာ ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံမြောက်ပိုင်းတလျှောက် နယ်စပ်ချင်းထိစပ်နေတဲ့ ပထဝီနိုင်ငံရေးပြိုင်ဘက် တရုတ်နိုင်ငံကို တန်ပြန်ရန်အတွက် အိန္ဒိယနိုင်ငံဟာ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ကြောင်း လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းက ကြေညာခဲ့ပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ လက်နက်အကြီးအကျယ်တင်ပို့တဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး ပြည်တွင်းမှာ ကာကွယ်ရေးဆိုင်ရာလက်နက်ပစ္စည်းများထုတ်လုပ်ရေးကို တွန်းအာပေးနေပေမယ့်် မိတ်ဖက်ဖြစ်သူ ရုရှားဆိကနေ ပစ္စည်းကိရိယာအစိတ်အပိုင်းတွေအပေါ် မှီခိုနေရပါတယ်။

ရဟတ်ယာဉ်ထုတ်လုပ်ရေးစက်ရုံသစ်ကြောင့် ကာကွယ်ရေးလိုအပ်ချက်အတွက် အိန္ဒိယနိုင်ငံက အခြားနိုင်ငံတွေအပေါ် မှီခိုနေရခြင်းကို တဖြည်းဖြည်းလျှော့ချနိုင်မယ်လို့ အိန္ဒိယ၀န်ကြီးချုပ် မိုဒီကပြောပါတယ်။

အာရှရဲ့အကြီးဆုံးရဟတ်ယာဉ်စက်ရုံအဖြစ်သတ်မှတ်နိုင်တဲ့ အဲဒီစက်ရုံဟာ အပေါ့စားရဟတ်ယာဉ်တွေကို ကနဦးမှာ ထုတ်လုပ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အခြားသောဘက်စုံသုံးရဟတ်ယာဉ်တွေကို ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

Ref: CNA
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW