မိုးပျံပူပေါင်းကို တရုတ်စစ်တပ်က သူလျှိုလုပ်ရာမှာအသုံးပြုခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေး အခိုင်အမာပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၈-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံပေါ်ကို ဖြတ်သန်းပျံသန်းနေတာကြောင့် စနေနေ့ကပစ်ချလိုက်တဲ့ တရုတ်မိုးပျံပူပေါင်းဟာ တရုတ်စစ်တပ်က သူလျှိုလုပ်ရာမှာ အသုံးပြုတဲ့ပူပေါင်းဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းက အခိုင်အမာ ပြောပါတယ်။

တရုတ်စစ်တပ်ဟာ သက်ဆိုင်ရာနိုင်ငံတွေအလိုက် မဟာဗျူဟာမြောက်နေရာတွေမှာ ထောက်လှမ်းရေးအချက်အလက်တွေ စုဆောင်းဖို့အတွက် အခုလိုပူပေါင်းတွေကို အသုံးပြုခဲံ့တယ်လို့ ယုံကြည်ရကြောင်း အမည်မဖော်လိုတဲ့ ထောက်လှမ်းရေးတာ၀န်ရှိသူတွေက ဝါရှင်တန်ပို့စ်သတင်းဌာနကို ပြောပါတယ်။

အဲဒီလိုထောက်လှမ်းခံရတဲ့နိုင်ငံတွေထဲမှာ ဂျပန်၊ အိန္ဒိယ၊ ထိုင်၀မ်နဲ့ ဖိလစ်ပိုင်တို့လည်းပါတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။

ဒါပေမယ့် အဲဒီလိုစောင့်ကြည့်ထောက်လှမ်းတယ်ဆိုတဲ့စွပ်စွဲချက်တွေကို တရုတ်ဘက်ကတော့ ငြင်းဆိုထားဆဲဖြစ်ပါတယ်။

သူလျှိုမိုးပျံပူပေါင်းအချို့ဟာ ရေတပ်အခြေစိုက်စခန်းရှိရာ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းကနေ စတင်ပျံသန်းလာတာလို့ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက ယုံကြည်ကြောင်း တာ၀န်ရှိသူတဦးကပြောပါတယ်။

၂၀၁၉ ခုနှစ်ကလည်း ဟာဝိုင်အီနဲံ့ ဖလော်ရီဒါတို့ကိုဖြတ်ပြီးပျံသန်းခဲ့တဲ့ မိုးပျံပူပေါင်းတလုံးကို တွေ့ရှိခဲ့တယ်လို့ အမေရိကန်လက်ထောက်နိုင်ငံခြားရေး၀န်ကြီး ၀င်ဒီရှာမန်က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW