ရေဖြူမှာ ဘုန်းကြီးကျောင်းကား ပစ်ခတ်ခံရပြီး ကျောင်းထိုင်ဘုန်းကြီး နဲ့အမျိုးသမီးတဦး သေဆုံး၊ကလေးအပါ ၆ယောက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၇ – ၂၀၂၃
GG(VOM)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲမှာ ဒေသခံတွေနဲ့ ဘုန်းကြီးတပါး စီးနင်းလိုက်ပါလာတဲ့ ဘုန်းကြီးကျောင်းကားတစီး သေနတ်နဲ့ပစ်ခတ်ခံရပြီး ကျောင်းထိုင်ဘုန်းကြီး တပါးနဲ့ အမျိုးသမီးတဦး သေဆုံးကာ နောက်ထပ်၆ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ကားဟာ မနေ့ ဖေဖော်ဝါရီလ ၆ ရက် ၊ ညနေပိုင်းလောက်မှာ ထားဝယ်ကနေ ရေဖြူမြို့နယ်၊ ရာဖူးရွာသစ်ကို ပြန်လာစဥ် လမ်းမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

” မနေ့က ၃ နာရီလောက်မှာ ပစ်ခတ်ခံရတာ၊တောင်ပေါ်ကနေ ပစ်တာလို့သိရတယ်၊ရာဖူးရွာသစ် ဗုဒ္ဓသာသန ယက္ခိတကျောင်းထိုင် ဆရာတော် ဦးဥက္ကဋ္ဌ နဲ့ သူ့ဒကာမ ဒေါ်အုန်းမြသေဆုံးတယ်လို့ သိရတယ် ။ကားပေါ်ပါသူတွေက ထားဝယ် မောင်မယ်ရှောင်ဘက်ကလို့တော့ သိရတယ်၊ဘယ်သူတွေပစ်တယ်ဆိုတာတော့ အခုထိသေချာမသိရသေးပါဘူး”လို့ ဒေသခံပရဟတိသမားတဦးကပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်ပါဝင်ကြောင်း၊ ကားသမားကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိပြီး အားလုံးကို ထားဝယ် ဆေးရုံပို့ဆောင်ကာ ဆေးကုသမှုပေးနေတယ်လို့သိရပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်ကြောင်းကို အခုချိန်ထိမသိရှိရသေးကြောင်း၊ ဒါ့အပြင် နစက ဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ တုန်းကလည်း ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ မူးဒူးရွာနဲ့ ထိန်ကြီးရွာ အကြားမှာ မူးဒူးကျေးရွာ ဘုန်းကြီးကား ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်ဥ် ဖြစ်ခဲ့သေးတယ်လို့သိရပါ တယ်။

#voiceofmyanmar #VOM #ရေး #ဘုန်ကြီးကားပစ်ခတ်ခံရ #သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW