တူရကီနဲ့ ဆီးရီးယားမှာ အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးသူ ၁၅၀၀၀ ကျော်ရှိလာ

အန်ကာရာ၊ ဖေဖော်ဝါရီ-၉-၂၀၂၃
မျိုးဆက်(VOM)

တူရကီနဲ့ ဆီးရီးယာတို့မှာလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးအရေအတွက်ဟာ ၁၅၀၀၀ ကျော်ထိမြင့်တက်လာကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ရေးမှာ ရာသီဥတုဆိုးရွားမှုတွေကြောင့် အခက်အခဲတွေကြုံနေရပြီး အေးခဲနေတဲ့ရာသီဥတုအခြေအနေအောက်မှာ တတိယမြောက်နေ့ရှိလာပြီဖြစ်ပါတယ်။

အခုလိုရာသီဥတုအခြေအနေမျိုးကြောင့် ပိတ်မိနေသူတွေအနေနဲ့ အသက်အန္တရာယ်သိသိသာသာ ရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက သတိပေးထားပါတယ်။

အခုလိုငလျင်လှုပ်ခတ်ပြီးနောက် တူရကီအစိုးရရဲ့ ကယ်ဆယ်ရေးလုပ်ဆောင်မှုတွေဟာ နှောင့်နှေးတယ်လို့ ဝေဖန်ခံနေရပေမယ့် သမ္မတအာဒိုဂန်ကတော့ ပယ်ချထားပါတယ်။

ဒီလိုသဘာဝဘေးအန္တရာယ်ကြီးတွေအတွက် ကြိုတင်ကာကွယ်ဖို့မဖြစ်နိုင်ကြောင်းနဲ့ အစိုးရအဖွဲ့အတွင်းမှာ ပြသနာအချို့ကြုံခဲ့ရကြောင်း အာဒိုဂန်က လက်ခံပြီး အခုအခါမှာတော့ အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။

လက်ရှိမှာတော့ တူရကီနဲ့ဆီးရီးယားအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကနေ အကူအညီနဲ့ အထောက်အပံ့တွေ ပေးပို့လျှက်ရှိနေပါတယ်။

Ref: BBC
#voiceofmyanmar #VOM #အန်ကာရာ

Related posts

Leave a Comment

VOM News

FREE
VIEW