ကျိုင်းတုံ- မိုင်းဆတ်လမ်းမှာ ပေ၁၀၀၀ အနက်ရှိတဲ့ချောက်ထဲ ကားတစီးပြုတ်ကျလို့ ၅ယောက်သေဆုံး၊ ၇ ယောက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၀ – ၂၀၂၃
GG(VOM)

ရှမ်းပြည်နယ်၊ ကျိုင်းတုံ-မိုင်ခွန်- မိုင်းဆတ်ကားလမ်း၊ ပန်လီကျေးရွာအနီးမှာ ဒီနေ့ဖေဖော်ဝါရီ၁၀ ရက်နေ့မနက်ပိုင်းက ကားတစီးတိမ်းမှောက်ပြီး ချောက်ထဲကျသွားလို့ လူ ၅ ယောက်သေဆုံးကာ ၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီကားဟာ ပေ ၁၀၀၀ အနက်ရှိတဲ့ ချောက်ထဲကို ကျသွားတာဖြစ်ကြောင်း၊ သေဆုံးသူက ယောကျ်ားလေး ၂ ယောက်၊မိန်းကလေးက ၃ ယောက်ဖြစ်ပြီး ဒဏ်ရာရသူ ၇ ယောက်ကတော့ ယောကျ်ားလေး ၃ယောက်၊မိန်းကလေး ၄ ယောက်ဖြစ်ကာ တယောက်က ဒဏ်ရာအခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။

” ၁၀ နာရီလောက်မှာဖြစ်တာ၊သေတာက အသက်ကြီးပိုင်းတွေချည်းပါပဲ။ချောက်ကနက်တော့ တယောက်ကို မိနစ်၂၀ လောက် ကယ်ဆယ်ရေးလုပ်ရတယ် ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ တိုင်းနေနာရေးကူညီမှုအသင်းဝင်တဦးကပြောပါတယ်။

တိမ်းမှောက်ခဲ့တဲ့ကားဟာ မိုင်းဆတ်မြို့ကကားဖြစ်ပြီး ကားပေါ်မှာ လူ၁၂ ယောက်လိုက်ပါလာတာဖြစ်ကြောင်း၊ ကားကဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို ကျိုင်းတုံမြို့ အရန်မီးသတ် နဲ့တိုင်းနေ နာရေးကူညီမှုအသင်းက ကျိုင်းတုံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျိုင်းတုံး #ယာဥ်တိမ်းမှောက် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW