နေပြည်တော်မှာပြုလုပ်တဲ့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂-၂၀၂၃
KT(VOM)

ဒီကနေ့ ဖေဖော်ဝါရီ ၁၂ရက်မှာကျရောက်တဲ့ ပြည်ထောင်စုနေ့အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမရှေ့ ရင်ပြင်မှာ ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို နံနက် ၅နာရီခွဲမှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့ပြီး နံနက် ၇ နာရီမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဂုဏ်ပြုတပ်ခွဲများ၊ တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုခဲ့ကြပါတယ်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့တဲ့သဝဏ်လွှာကို နစက ဒုတိယ ဥက္ကဋ္ဌ က ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ပြည်ထောင်စုနေ့အခမ်းအနား

Related posts

Leave a Comment

VOM News

FREE
VIEW