မြစ်ခြေ မြင်းမွေးမြူးရေး တပ်စခန်း တိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၃
SP( VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ မြစ်ခြေမြို့ ၊ သိမ်တော်ရပ်ကွက်မှာရှိတဲ့ မြင်းမွေးမြူရေး (ဒေသအခေါ် BBI)တပ်စခန်းဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်အစောပိုင်းက တိုက်ခိုက်ခံရတယ်လို့ မြစ်ခြေ ဒေသခံတွေဆီက သိရပါတယ်။

” ဒီမနက် ၇ နာရီဝန်းကျင်ကစလို့ မြင်းမွေးမြူရေး တပ်စခန်းဘက်မှာ ပစ်ခတ် တိုက်ခိုက်သံတွေကြားရတယ် ၊ အဲ့ဒီ ပစ်ခတ်သံတွေကြောင့် မြစ်ခြေမြို့ခံတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ မနက် ၉ နာရီဝန်းကျင်မှာ ရဟတ်ယာဥ်တွေရောက်လာတယ် ၊ ၂ ဘက် ဒဏ်ရာရ သေဆုံးတာတော့ အခုထိ မသိရ သေးဘူး”လို့ မြစ်ခြေ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ မြစ်ခြေမြို့မှာရှိတဲ့ မြင်းမွေးမြူရေး တပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ ပခုက္ကူမြို့ခံ တယောက်က ” ဒီမနက်ပိုင်းက မြစ်ခြေမှာ ပစ်ခတ်တာတွေဖြစ်တယ် ၊ အချိန် ၂ နာရီလောက် အကြာမှာ ပခုက္ကူဘက်က စစ်ကူဖို့ ကားတွေသွားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့နယ် ၊ မြစ်ခြေမြို့မှာရှိတဲ့ မြင်းမွေးမြူရေး တပ်စခန်း တိုက်ခိုက်ခံရတယ်ဆိုတာကိုသာ VOM က သိရတာဖြစ်ပြီး ၂ ဘက် ထိခိုက်ကျဆုံး စာရင်းကိုတော့ သီးခြား အတည်မပြုနိုင်ပါဘူး။

#voiceofmyanmar #VOM #မြစ်ခြေ #တပ်စခန်း #တိုက်ခိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW