အသက် ၉၅ နှစ်အရွယ် ဓာတ်ပုံအကယ်ဒမီ(၃)ဆုရှင် ဦးစန်းမောင် ကွယ်လွန်

ဖေဖော်ဝါရီ၊ ၁၂-၂၀၂၃
MM(VOM)

ရုပ်ရှင်ဓာတ်ပုံ အကယ်ဒမီ(၃)ဆုရှင် ဦးစန်းမောင်ဟာ
မနေ့ ဖေဖော်ဝါရီ ၁၁ ရက် ည ၇ နာရီက မွန်ပြည်နယ် ၊ ပေါင်မြို့နယ်၊ မုတ္တမဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

”ဆရာ ဦးစန်းမောင်က မနေ့ ည ၁၁ နာရီကျော်ကျော် လောက်မှာ ကွယ်ခဲ့တာ၊ သာသနာ့ဘောင်ထဲ ဝင်နေရင်း ရဟန်းဘဝနဲ့ ကွယ်လွန်ခဲ့တာ ၊ ကွယ်လွန်ချိန် အသက် ၉၅ နှစ်ရှိပြီ၊ ဓါတ်ပုံလောမှာ သူမတူတဲ့ ပညာရှင်တယောက် ဆုံးရှုံးရတာပဲ ၊ စိတ်မကောင်းဘူး။”လို့ ကွယ်လွန်သူနဲ့ နီးစပ်တဲ့ ဝါရင့်ဓာတ်ပုံပညာ ရှင်တယောက်က ပြောပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ရုပ်ရှင်ဓာတ်ပုံ အကယ်ဒမီ ၃ ဆုရှင် ဦးစန်းမောင်ဟာ ၁၉၇၆ ခုနှစ်က ‘ကျွန်းကလေးမှာ နှစ်ယောက်ထဲ’၊ ၁၉၇၉ ခုနှစ်က ‘ကျော်ကိုချစ်မလား ဇော်ကိုချစ်မလား’နဲ့ ၁၉၈၁ ခုနှစ်က ‘အပြန်လမ်း’ စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဓာတ်ပုံအကယ်ဒမီဆုတွေကို ရရှိခဲ့တာလို့ သိရပါတယ်။

ဦးစန်းမောင်ရဲ့ ရုပ်အလောင်းကို ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်က မုတ္တမမြို့က၊အောင်ဇေယျမြို့သစ်သုသာန်မှာ မဟာကရုဏာရှင်နာရေးကူညီမှုအသင်းက မီးသဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဓာတ်ပုံအကယ်ဒမီ၃ဆုရှင် #ဦးစန်းမောင် #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW