နတ်တလင်းမှာ ဆိုင်ကယ်စီးခွင့်အတွက် လိုင်စင်ရှိဖို့အပြင် စီးနင်းခွင့် ထောက်ခံချက်ပါ လုပ်ဆောင်နေရ

ဖေဖေါ်ဝါရီ ၁၂ – ၂၀၂၃
GG(VOM)

ပဲခူးတိုင်းအနောက်ပိုင်း၊သာယာဝတီခရိုင် ၊နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်စီးမယ်ဆိုပါက စီးနင်းခွင့် အသိအမှတ်ပြုစာရွက်ကိုင်ဆောင်ရမယ်ဆိုပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက စာရွက်တွေ လုပ်ခိုင်းနေတယ်လို့ သိရပါတယ်။

အဲ့ဒီဆိုင်ကယ်စီးခွင့်ကဒ်မှာ မောင်းသူအမည်၊ဆိုင်ကယ်အမျိုးအစား၊ယာဥ်လိုင်စင်၊အရောင်တွေရေးသားဖော်ပြရမှာဖြစ်တယ်လို့ ရေးသားထားပါတယ် ။

” ရပ်ကွက်ထောက်ခံစာလို ပုံစံပဲ၊စာရွက်မှာ အကုန်ရေးထားတာ၊စီးတဲ့သူတိုင်း အဲ့ဒီထောက်ခံစာတရွက်လုပ်ရမယ်၊အပြင်ထွက်တိုင်း အဲ့ဒါယူရမယ်၊စစ်ဆေးရင် ရပ်ပေးရမယ်။ တချို့ကလည်း ၃၀၀၀ ကောက်တာရှိတယ်၊ အဲ့ဒီစာရွက်အောက်ခြေမှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဆိုပြီး တံဆိပ်ပါတယ် “လို့ နတ်တလင်းမြို့ခံတဦးက ပြောပါတယ်။

ဆိုင်ကယ်တွေအားလုံး နတ်တလင်းရဲစခန်းနဲ့ တာပွန်ရဲစခန်းပိုင်နယ်မြေအတွင်း မနက် ၅ နာရီကနေ ညပိုင်း ၉ နာရီအတွင်း စီးနင်းခွင့်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က နတ်တလင်းမြို့နယ်၊တာပွန်ကျေးရွာထိပ်မှာ ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး တက္ကသိုလ် ပထမနှစ်ကျောင်းသားတယောက် ပစ်သတ်ခံခဲ့ရတာရှိတယ်လို့သိရပါတယ်။

နတ်တလင်းမြို့နယ်ဟာ စစ်အုပ်ချုပ်ရေး မာရှယ်လ်လောကြေညာခံထားရတဲ့မြို့ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နတ်တလင်း #ဆိုင်ကယ်စီးခွင့်ထောက်ခံချက် #လုပ်ဆောင်နေရ

Related posts

Leave a Comment

VOM News

FREE
VIEW