နေပြည်တော် မြို့ရှောင်လမ်းမှာ တွဲကားနဲ့ Hijetကား တိုက်မိလို့ Hijet ပေါ်ပါ ၃ ဦး ကားညှပ်သေဆုံး

ဖေဖော်ဝါရီ ၁၀ – ၂၀၂၃
SN (VOM)

နေပြည်တော်၊ ပျဥ်းမနားမြို့အရှေ့ဘက်၊ မြို့ရှောင်လမ်း၊ အောင်ကုန်းကျေးရွာအကျော်မှာ မနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က တွဲကားတစီးနဲ့ Hijet တိုက်မိပြီး Hijet ကားပေါ် ပါ လူ ၃ ဦးစလုံး ကားညှပ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Hijet ကားပေါ် ပါလာသူ အမျိုးသား ၃ ဦးစလုံးဟာ ကားခေါင်းခန်းအတွင်း ညှပ်နေခဲ့ခြင်းဖြစ်ပြီး ရရှိတဲ့ဒဏ်ရာတွေနဲ့ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ မိုးစေတနာပရဟိတအသင်း(ပျဥ်းမနားရုံး)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“တွဲကားက ကျော်တက်ပြီး Hijet ကိုတိုက်တာပါ။ အရှိန်ကပြင်းတော့ Hijet ခေါင်းကြေသွားတယ်။ Hijet ကားပေါ် ခေါင်းခန်းက အမျိုးသား သုံးယောက်စလုံး ကားထဲညှပ်ပြီး နေရာပဲဆုံးသွားတယ်။ သူတို့မှာ ဖုန်းလည်းပါမလာတော့ ဘာအဆက်အသွယ်မှ မရဘူး။ အဲ့ဒါကြောင့် မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ် မ‌ရသေးပါဘူး“လို့ သူက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက်အားဖြင့် ၄၀ ဝန်းကျင်ခန့် ရှိကြပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို မိုးစေတနာပရဟိတအသင်း (ပျဥ်းမနားရုံး)၊ ဗြဟ္မရ်စိုနှလုံးသား ပရဟိတအသင်း (ပျဥ်းမနား)၊ မွန်မြတ်သူ နာရေးကူညီမှုအသင်း (ပျဥ်းမနား)တို့မှ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုဖြစ်စဉ်မှာ တွဲကား‌ပေါ် ပါလာသူတွေကတော့ ထိခိုက်ဒဏ်ရာမရှိခဲ့ဘူးလို့ သိရပြီး သူတို့ကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဥပဒေနဲ့အညီ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo-မိုးစေတနာပရဟိတအသင်း (ပျဥ်းမနားရုံး)
#voiceofmyanmar #VOM #ပျဥ်းမနား #ယာဥ်တိုက်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW