ပနားမားမှာ ဘတ်စ်ကားတစီး ချောက်ထဲပြုတ်ကျလို့ ရွှေ့ပြောင်းဒုက္ခသည် (၄၀)ဦး သေဆုံး

ပနားမားစီးတီး၊ ဖေဖော်ဝါရီ-၁၆-၂၀၂၃
မျိုးဆက်(VOM)

ပနားမားနိုင်ငံမှာ ရွှေ့ပြောင်းဒုက္ခသည်တွေလိုက်ပါလာတဲ့ ဘတ်စ်ကားတစီး ချောက်ထဲကို ပြုတ်ကျတိမ်းမှောက်မှုကြောင့် လူ (၄၀)ဦးသေဆုံးသွားတယ်လို့ တာ၀န်ရှိသူတွေက မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောပါတယ်။

ဘတ်စ်ကားဟာ နိုင်ငံမြောက်ပိုင်းကို ဦးတည်မောင်းနှင်ခဲ့ပြီး ကော်စတာရီကာနယ်စပ်အနီးမှာ လမ်းလွဲသွားပြီးနောက် ပြန်လှည့်ဖို့ယာဉ်မောင်းက ကြိုးစားစဉ် ချောက်ထဲကို ပြုတ်ကျတိမ်းမှောက်သွားတာဖြစ်ပါတယ်။

ဘတ်စ်ကားပေါ်မှာ လူ ၆၆ ဦးလိုက်ပါလာပြီး ဒဏ်ရာရရှိသူ ၂၀ ဦးကို ဆေးရုံတင်ထားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

သေဆုံးသူတွေဟာ ဘယ်နိုင်ငံသားတွေဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

ဒီမတော်တဆမှုဟာ ပနားမားနိုင်ငံမှာ ရွှေ့ပြောင်းဒုက္ခသည် အသေအပျောက်အများဆုံးဖြစ်ရပ် တခုလို့တာ၀န်ရှိသူတွေကပြောပါတယ်။

သေဆုံးသူတွေအတွက် လွန်စွာ၀မ်းနည်းကြေကွဲကြောင်း ပနားမားသမ္မတက ထုတ်ဖော်ပြောဆိုထားပါတယ်။

လွန်ခဲ့တဲ့နှစ်အတွင်း ပနားမားကို ဖြတ်ကျော်၀င်ရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၂၄၈၀၀၀ ဦးထိစံချိန်တင်ခဲ့ပြီး အများစုကတော့ ဗင်နီဇွဲလားနိုင်ငံသားများဖြစ်ကာ ဟေတီနဲ့ ကျူးဘားနိုင်ငံသားတွေလည်း ပါ၀င်ပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ပနားမားစီးတီး

Related posts

Leave a Comment

VOM News

FREE
VIEW