မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ မီးလောင်မှု ဖြစ်ပွါးပြီး အမျိုးသမီးတဦး မီးလောင်သေဆုံးခဲ့

ဖေဖော်ဝါရီ ၁၆-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊အကွက်(၂၅၅)၊ ၃၀x၃၀ Aလမ်း၊ ၈၉ × ၉၀ လမ်းကြားမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၆ရက် ညနေ ၆နာရီခန့်က မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီးတဦး မီးလောင်သေဆုံးခဲ့တယ်လို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

“မီးက မများသင့်ဘဲ များသွားသလိုဖြစ်သွားတာ၊ ဖြစ်ဖြစ်ချင်းတုန်းက ကျိတ်ငြိမ်းနေကြတယ် ထင်တာပဲ၊ မီးများလာတာကို ရပ်ကွက်ကသိမှ မီးသတ်ကားကို ရပ်ကွက်ထဲကလူတယောက်က ပြေးခေါ်ရတာ၊ ကျောက်ဆစ်မီးသတ်စခန်းနဲ့နီးတော့ တော်သေးတာပေါ့”လို့ မီးလောင်မှုဖြစ်ခဲ့တဲ့ ရပ်ကွက်အတွင်းနေထိုင်သူတဦးကပြောပါတယ်။

မီးလောင်မှုကို Level-2အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ပြီး အသက်(၅၀)ခန့်အရွယ် အမျိုးသမီးတဦးကို မီးလောင်ပြင်အတွင်း သေဆုံးနေတာကို မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက ရှာဖွေတွေ့ရှိခဲ့ပြီး မန္တလေးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

မီးစလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာန တွက်ချက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #မီးလောင်မှု #အမျိုးသမီးတဦသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW