တူရကီမှာ ငလျင်ကြောင့် ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း အားလုံးနီးပါး အဆုံးသတ်

အန်ကာရာ၊ ဖေဖော်ဝါရီ-၂၀-၂၀၂၃

မျိုးဆက်(VOM)

တူရကီနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် နှစ်ပတ်နီးပါးအကြာမှည ပြည်နယ်နှစ်ခုကလွဲပြီး ကျန်ဒေသအားလုံးနီးပါးမှာ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှုတွေကို အဆုံးသတ်လိုက်ကြောင်း တူရကီသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ဖေဖော်ဝါရီ ၁၉ရက်တွင် ထုတ်ပြန်ပါတယ်။

ခါရာမန်မာရက်စ်နဲ့ ဟာတေပြည်နယ်တို့မှာတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သဘာဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ အကြီးအကဲက ပြောပါတယ်။

အပျက်အစီးတွေအောက်မှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေတွေ့ရှိနိုင်မယ့် မျှော်လင့်ချက်တွေကတော့ မှေးမှိန်နေပြီဖြစ်ပါတယ်။ 

ဒီအတောအတွင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ တူရကီနိုင်ငံကို ရောက်ရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာသန်း ၁၀၀ ပေးအပ်မယ်လို့ ကြေညာပါတယ်။

တူရကီအရှေ့တောင်ပိုင်းနှင့် ဆီးရီးယားမြောက်ပိုင်းတို့မှာ   ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့တဲ့  အင်အားပြင်းမြေငလျင်ကြောင့် လက်ရှိချိန်ထိသေဆုံးသူဦးရေမှာ ၄၄၀၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်။

တူရကီမှာ တိုက်ခန်းပေါင်း ၃၄၅၀၀၀ ခန့်ပျက်စီးခဲ့ပြီး လူအများအပြားပျောက်ဆုံးနေဆဲဖြစ်ကာ သေဆုံးသူအရေအတွက် တိုးလာဖွယ်ရှိကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: BBC

Photo:Reuters

#voiceofmyanmar #VOM #အန်ကာရာ

Related posts

Leave a Comment

VOM News

FREE
VIEW