နမ့်ပေါ်တံတား အနီးမှာ တွဲကားတစီးမှောက်ပြီး ယာဉ်မောင်း သေဆုံး၊ယာဉ်နောက်လိုက် ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၈၊၂၀၂၃

Shy V(VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်အွမ်နဲ့ ၁၀၅ မိုင်ကြား နမ့်ပေါ်တံတားအနီးမှာ သွင်းကုန် တွဲကား တစ်စီး မနေ့ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီ ဝန်းကျင်က တိမ်းမှောက်ပြီး ယာဉ်မောင်း သေဆုံးကာ ယာဉ်နောက်လိုက် ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ 

“ဘာတင်ထားတဲ့ ကားလဲတော့ မကြည့်မိလိုက်ဘူး။ လူပဲ လုပ်ပေးနေရတော့။ တွဲကားပဲ မူဆယ်ဘက်က ဆင်းလာတာ။ ကားဆရာသေသွားတယ်။ စပယ်ယာက မသေဘူး။”လို့ လူမှုကူညီရေးအသင်းမှာ ပါဝင်ကူညီခဲ့သူ တဦးကပြောပါတယ်။ 

ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူကို ခရိုင်မီးသတ်တပ်ဖွဲ့၊ နှလုံးလှ လူမှုကူညီရေးအသင်း နဲ့ မြင့်မြတ်ပါရမီအသင်းတို့က ကူညီကယ်ဆယ်ခဲ့ပြီး မူဆယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ 

“ကျနော် အတက်တုန်းက အဲ့ဒီကားကိုတွေ့လိုက်တယ်။ ဒရိုင်ဘာနဲ့ စပယ်ယာနဲ့ နှစ်ယောက်။  မနေ့က ကုန်ချတာတာလည်းတွေ့တယ်။ ကုန်တင်ပြီး ပြန်တက်သွားတာလည်း တွေ့လိုက်တယ်။ မြောက်ပိုင်းက ကားဆရာတော့ မဟုတ်ဘူး။ ကားလည်း မြောက်ပိုင်းက မဟုတ်ဘူး။ ဗမာတွေပဲ။ အောက်ပိုင်းက နေမှာ၊ ဝိတ်ကြောင့် မဟုတ်ရင် အောက်ဘက် ကားခ ဈေးတက်နေတော့ အမြန်မောင်းလို့လည်း ဖြစ်နိုင်တယ်၊ ဘဝတူ ကားသမားတွေကို ပုံမှန်ပဲ မောင်းစေချင်တယ်”လို့ ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။ 

တရုတ် – မြန်မာ အဓိက ကုန်သွယ်ရာ လမ်းကြောင်းတစ်ခု ဖြစ်တဲ့ မန္တလေး – မူဆယ် ၁၀၅ မိုင် လမ်းမပေါ်မှာ မကြာခဏ ကုန်တင်ကားတွေ တိမ်းမှောက် တတ်ပေမယ့် ဝိတ်ကြောင့် တိမ်းမှောက်တာများတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ 

Photo Crd- နှလုံးလှ

#voiceofmyanmar #VOM #နမ့်ပေါ်တံတား #ကုန်ကားမှောက် #ယာဥ်မောင်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW