ပလိပ်က မိုတယ်ဝန်ထမ်း ၁၈ နှစ်အရွယ်အမျိုးသား ရေဆင်းကူးရာကနေ ရေနစ်သေဆုံး

ဖေဖော်ဝါရီ ၂၁ – ၂၀၂၃
VOM (GG)

မန္တလေးတိုင်း ၊ပလိပ်မြို့မှာ ဒီနေ့ဖေဖော်ဝါရီ၂၁ ရက် နေ့လယ်ပိုင်းက အသက် ၁၈ နှစ်အရွယ်အမျိုးသားတယောက် ဒုဌဝတီမြစ်ထဲမှာ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးသူဟာ ပလိပ်မြို့ မိုတယ်တခုက ဝန်ထမ်း ကိုအောင်ကို ဆိုသူပြီး ဝန်ထမ်းတွေရေဆင်းကူးရာကနေ ရေနစ်သေဆုံးတာဖြစ်တယ်လို့သိရပါတယ်။

” ၁၂ နာရီကျော်ကျော်လောက်က ရေဆော့ရင်း ရေနစ်တာပေါ့။ပလိပ်မှာရှိတဲ့ မိုတယ်တစ်ခုက ဝန်ထမ်းပါ ၊ဟိုတယ်ရဲ့နောက်ဘက်မှာ ဒုဋ္ဌဝတီမြစ်ရှိပါတယ်၊အဲ့ဒီအထဲကို ရေဆင်းကူးရင်းကနေ နစ်တာ “လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ – တိုင်းရုံး) အဖွဲ့ဝင်တဦးကပြောပါတယ်။

သေဆုံးသူ အမျိုးသားကို ရေနစ်ပြီး ၂ နာရီကျော်လောက်အကြာမှာ အလောင်း ဆယ်ယူရရှိခဲ့ပြီး လက်ရှိမှာ ရုပ်အလောင်းကို ပလိပ်တိုက်နယ်ဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ကေနစ်သေဆုံးအမျိုးသား ရုပ်အလောင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းက မှတ်တမ်းယူသွားတယ်လို့သိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းကလည်း အမရပူရမြို့နယ်၊ဥယျာဉ်တော်ကျေးရွာ ၊ရွှေရန်လင်း မင်းကျောင်း (ဘ/က) စာသင်တိုက် က ကိုရင်လေး ၅ ပါး ရေဆော့ကစားရင်း ၅ပါးလုံး ရေနစ်ခဲ့ပြီး ၄ ပါးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် အသက် ၁၃ နှစ်အရွယ် ကိုရင်ဩဒဿ ကတော့ ရေနစ်ပြီးပျံလွန်တော်မူခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပလိပ် #ရေနစ်သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW