ကမ္ဘာ့လျှာအရှည်ဆုံး ဂင်းနစ်စံချိန်တင်အမျိုးသား လျှာကိုအသုံးပြုပြီး ထူးခြားစွာပန်းချီဆွဲနေ

၀ါရှင်တန်၊ ဖေဖော်ဝါရီ-၂၃-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က ကမ္ဘာ့လျှာအရှည်ဆုံးအဖြစ် ဂင်းနစ်စံချိန်တင်ထားတဲ့ အမျိုးသားဟာ သူ့ရဲ့ထူးခြားတဲ့လျှာကြွက်သားတွေကိုအသုံးပြုပြီး ပန်းချီဆွဲတဲ့နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ လျှာအရှည် ၃ ဒသမ ၉၇ လက်မနဲ့ ကမ္ဘာ့လျှာအရှည်ဆုံးအမျိုးသားအဖြစ် ၂၀၁၂ ခုနှစ်မှာ ဂင်းနစ်စံချိန်တင်ခဲ့သူဖြစ်ပြီး ရုပ်သံအစီအစဉ်တခုမှာ သူ့ရဲ့လျှာနဲ့ပန်းချီဆွဲတဲ့ ထူးခြားတဲ့စွမ်းရည်ကို ပြသခဲ့ပါတယ်။

သူဟာပန်းချီမဆွဲမီ လျှာကိုပလတ်စတစ်နဲ့စွပ်ပြီးနောက် ပန်းချီဆေးတွေမှုတ်ပြီး ကင်းဗတ်ပေါ်မှာ လျှာနဲ့ရေးဆွဲမှုပြုတာဖြစ်ပြီး ဒီအတွက်အတော်လေး လေ့ကျင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလိုလျှာနဲ့ပန်းချီဆွဲတဲ့နည်းကို လစ်ကာဆိုလို့ အမည်ပေးပြီး သူဆွဲခဲ့တဲ့ပန်းချီကားတွေကို ဒေါ်လာ ၁၂၀၀ အထိ စျေးပေး၀ယ်ယူမှုတွေရှိတယ်လို့ အဲဒီအမျိုးသားကပြောပါတယ်။

ကမ္ဘာ့လျှာအရှည်ဆုံးအမျိုးသမီးကတော့ ကယ်လီဖိုးနီးယားကျောင်းသူတဦးဖြစ်တဲ့ ချန်နယ်တက်ပ်ပါဖြစ်ပြီး သူ့ရဲ့လျှာဟာ ၃ ဒသမ ၈ လက်မအရှည်ရှိတယ်လို့ သိရပါတယ်။

Ref: Mirror
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW