မြောက်ကိုရီးယားပြည်သူ ထောင်ပေါင်းများစွာ နျူကလီးယားဓါတ်ရောင်ခြည်သင့်နိုင်ကြောင်း သတိပေး

ဆိုးလ်၊ ဖေဖော်ဝါရီ-၂၄-၂၀၂၃
မျိူးဆက်(VOM)

မြောက်ကိုရီးယားနိုင်ငံသား ထောင်ပေါင်းများစွာဟာ ရေထဲကိုစိမ့်၀င်နေသော ရေဒီယိုသတ္တိကြွပစ္စည်းတွေနဲ့ ထိတွေ့နိုင်ကြောင်း တောင်ကိုရီးယားအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုက ဖေဖော်ဝါရီ ၂၄ ရက်မှာ သတိပေးလိုက်ပါတယ်။

အဲဒီရေဒီယိုသတ္တိကြွပစ္စည်းတွေဟာ တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ပြည်သူတွေကိုလည်း ဘေးအန္တရာယ်ရှိနိုင်ကြောင်း အစိုးရမဟုတ်သောအဖွဲ့အစည်း တီဂျေဒဗလျူအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားရဲ့ အဓိကနျူကလီးယားစမ်းသပ်စခန်းဖြစ်တဲ့ ပန်ဂိုင်ရီအနီး နေထိုင်ကြပြီး တောင်ကိုရီးယားကို ထွက်ပြေးလာသူတွေကို ဓါတ်ရောင်ခြည်သင့်မသင့် စမ်းသပ်ခြင်းပြုဖို့ တောင်ကိုရီးယား တာ၀န်ရှိသူတွေကို အဲဒီအဖွဲ့က တိုက်တွန်းထားပါတယ်။

အဲဒီနေရာမှာ နေထိုင်သူ ၅၄၀၀၀၀ ထိ ဘေးအန္တရာယ်ရှိနိုင်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားပါတယ်။

နျူကလီးယားဓါတ်ရောင်ခြည်ဟာ သက်ရှိဆဲလ်များကို တစိတ်တပိုင်း သို့မဟုတ် လုံး၀ပျက်စီးစေပြီး ကင်ဆာရောဂါအပါအ၀င် အခြားဘေးအန္တရာယ်တွေဖြစ်ပေါ်တတ်ပါတယ်။

မြောက်ကိုရီးယားဟာ ပန်ဂိုင်ရီမှာပြုလုပ်တဲ့ နျူကလီးယားစမ်းသပ်မှုခြောက်ကြိမ်အနက် အပြင်းထန်ဆုံးနျူကလီးယားစမ်းသပ်မှုကို ၂၀၁၇ ခုနှစ်မှာ နောက်ဆုံးပြုလုပ်ခဲ့ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW