ပေါက်မှာ မိုင်းပေါက်ကွဲလို့ ၁၃ နှစ် ကလေး ၂ယောက်သေဆုံး၊ ကလေးတဦးလည်း စိုးရိမ်ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၆ – ၂၀၂၃
GG(VOM)

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မိုင်းပေါက်ကွဲပြီး အသက်မပြည့်သေးတဲ့ ကလေး ၂ ယောက်သေဆုံးကာ ၁ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ မနေ့ ဖေဖော်ဝါရီ၂၅ ရက် ညနေပိုင်းက ဘုရားတောင်ကျေးရွာအုပ်စု၊ ကြူတောရွာက ဆိတ်ကျောင်းတဲ့ ကလေး၃ယောက်ဟာ တောထဲကမပေါက်ကွဲသေးတဲ့ မိုင်းကို ယူလာစဥ် လမ်းမှာပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ၃ယောက်အတူတူ ဆိတ်ကျောင်းကြတာမှာ မိုင်းကိုတွေ့တော့ ကလေးတွေက အိမ်ပြန်ချိန် ယူလာကြတာ ရွာလယ်လည်းရောက်ရော မိုင်းကပေါက်ကွဲပြီး၂ယောက်ကနေရာမှာပဲ သေတယ်၊၁ယောက်က ဒဏ်ရာရတယ်။ကလေးတွေဆိုတော့ မိုင်းလို့မသိဘဲယူလာကြတာ”လို့ ပေါက်ဒေသခံတဦးကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးတဲ့ကလေးတွေက အသက် ၁၃ နှစ်အရွယ်တွေဖြစ်တဲ့ မောင်မျိုးမင်းထက်နဲ့ မောင်ကျော်ဇင်မင်းတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူကလည်း အသက်၁၃ နှစ်သာရှိသေးတဲ့ ပိုင်ပိုင်အောင် ဖြစ်တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် မောင်ပိုင်ပိုင်အောင်က ဆီးခုံကို မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့တာကြောင့် စိုးရိမ်ရတဲ့အခြေအနေရှိပြီး လက်ရှိ ပခုက္ကူမြို့နယ်ပြည်သူ့ ဆေးရုံမှာကုသမှုပေးနေတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်မှာ နှစ်ဖက် တိုက်ပွဲတွေဖြစ်ပွားမှုရှိနေလို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေ ထောင်နဲ့ချီရှိတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပေါက်မြို့ #မိုင်းပေါက်ကွဲ #ကလေးတဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW