ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရွှေဘိုမြို့နယ်ထဲက ဆိပ်ခွန် ချည်ထည် ရက်ကန်းလုပ်ငန်းများ

ဖေဖော်ဝါရီ ၂၆ -၂၀၂၃
Voice Of Myanmar(VOM)

ဆိပ်ခွန် ပိုးတွဲချည်ထည်ဆိုတာ မြန်မာနိုင်ငံနေရာအနှံအပြားမှာ လူတိုင်းနီးပါးလူကြိုက်များတဲ့ စက်ရက်ကန်းချည်ထည်ဖြစ်ပါတယ်။

အဲ့ဒီချည်ထည်တွေကို အဓိကထုတ်လုပ်တာကတော့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်တိုက်နယ်ဒေသကပဲဖြစ်ပါတယ်။

အဲ့ဒီဒေသမှာ အရင်တုန်းက ဒီရက်ကန်းလုပ်ငန်းကြောင့် လုပ်ငန်းရှင်တွေ စီးပွားရေးအစဉ်ပြေကျသလို အလုပ်သမားတွေလည်း စားဝတ်နေရေးအတွက် အပူအပင်ကင်းမဲ့တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ခေတ်ကာလနဲ့ နိုင်ငံရေးပြောင်းလဲမှုအခြေအနေတွေအရ ဆိတ်ခွန်ရက်ကန်းလုပ်ငန်းဆိုတာ ပျောက်ကွယ်လုနီးပါးအခြေအနေအထိ ကြုံတွေ့လာနေပါတယ်။

#voiceofmyanmar #VOM #ရွှေဘို #ဆိပ်ခွန်ချည်ထည်းရက်ကန်း

Related posts

Leave a Comment

VOM News

FREE
VIEW