မြင်းမူမြို့မှာ ကုန်စုံဆိုင် မီးလောင်မှုဖြစ်ပြီး လူ တဦးသေဆုံး ၊ (၂)ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၂၈-၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့ ၊ သီဟရပ်ကွက် ၊ CB ဘဏ်နားက ကုန်စုံဆိုင်ဟာ ဒီကနေ့မနက် ၁ နာရီဝန်းကျင်က မီးလောင်ခဲ့ပြီး လူ (၂)ဦး ဒဏ်ရာရကာ ၊ လူတဦး သေဆုံးခဲ့တယ်လို့ မြင်းမူမြို့ခံ မြတ်သုခလူမှုကူညီရေးအဖွဲ့ဆီက သိရပါတယ်။

” ဒီမနက် ၁ နာရီခွဲမှာ CB bank နားက မသန်းသန်းစိုး ကုန်စုံဆိုင် မီးလောင်တယ် ၊ ဘာကြောင့် မီးစတင်လောင်တယ်ဆိုတာ စီစစ်နေဆဲဖြစ်တယ် ၊ ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ယောက်ရှိတယ် ၊ ဒီမနက် ၈ နာရီခွဲမှာ အဲ့ဒီမီးလောင်တဲ့ ကုန်စုံဆိုင် အဆောက်အဦ ဒုတိယထပ်မှာ မီးလောင်သေဆုံးနေတဲ့ အမျိုးသမီး Dead Body (ရုပ်အလောင်း)တွေ့ရလို့ မြတ်သုခ လူမှုကူညီရေးအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ပြီး မြင်းမူ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်”လို့ စစ်ကိုင်းခရိုင် မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ ပျက်စီးဆုံးရှုံးမှု ခန့်မှန်း ကာလတန်ဖိုးကို သက်ဆိုင်ရာက စီစစ်တွက်ချက်နေဆဲဖြစ်ပြီး မြင်းမူမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၅ အရ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြင်းမူမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်း ကာလနဲ့ အခု ၂၀၂၃ နှစ်ဦးပိုင်းမှာ ဌာနဆိုင်ရာရုံး အဆောက်အဦတချို့ မီးလောင်တာတွေရှိခဲ့ပြီး အခုလိုပြင်ပအဆောက်အဦ မီးလောင်ရတာ ဖြစ်စဥ်ဟာ ကနဦးဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo Crd -မြတ်သုခလူမှုကူညီရေး (မြင်းမူ)
#voiceofmyanmar #VOM #မြင်းမှု #မီးလောင်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW