အီတလီကမ်းလွန်မှာ ရွှေ့ပြောင်းဒုက္ခသည်စက်လှေတိမ်းမှောက်မှုကြောင့် လူ ၆၀ နီးပါးသေဆုံး

ရောမ၊ ဖေဖော်ဝါရီ-၂၇-၂၀၂၃
မျိုးဆက်(VOM)

အီတလီနိုင်ငံတောင်ပိုင်းကမ်းလွန်မှာ ရွှေ့ပြောင်းဒုက္ခသည်တွေလိုက်ပါလာတဲ့ စက်လှေနစ်မြုပ်မှုကြောင့် ကလေးငယ် ၁၂ ဦးအပါအ၀င် ၅၉ ဦးထက်မနည်းသေဆုံးသွားပြီး ဒါဇင်များစွာ ပျောက်ဆုံးနေကြောင်း အီတလီအာဏာပိုင်တွေက ပြောပါတယ်။

အဲဒီစက်လှေဟာ ဖေဖော်ဝါရီ ၂၆ ရက်မှာ ခရိုတုန်းအနီး ကမ်းကပ်ရန်ကြိုးစားစဉ်နစ်မြုပ်သွားတာဖြစ်ပြီး အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဆိုမာလီယာ၊ အီရန်တို့မှာ ရွှေ့ပြောင်းဒုက္ခသည်တွေပါ၀င်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

စက်လှေတိမ်းမှောက်မှုကြောင့် လူ ၃၀ ကျော်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အခင်းဖြစ်ရာနေရာသို့ သွားရောက်ခဲ့တဲ့ အီတလီပြည်ထဲရေး၀န်ကြီးကပြောဆိုထားပြီး ကာလာဘရီယာဒေသအနီးရှိ အပန်းဖြေကမ်းခြေအနီးမှုာလည်း ရုပ်အလောင်းတွေကို ဆယ်ယူရရှိခဲ့ထားပါတယ်။

စက်လှေနစ်မြုပ်ပြီးနောက် ကမ်းကိုကူးလာသူတွေအပါအ၀င် ဒုက္ခသည် ၈၀ ဦးကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ပြီး အဆိုပါစက်လှေဟာ လွန်ခဲ့တဲ့ရက်အတန်ကြာက တူရကီကနေ ထွက်ခွာလာတာဖြစ်ပါတယ်။

ဒုက္ခသည်တွေသေဆုံးမှုနဲ့ ပတ်သက်ပြီး လွန်စွာ၀မ်းနည်းရကြောင်း ဥရောပကော်မရှင်ဥက္ကဌ အူဆူလာဗန်ဒါလီယန်က ထုတ်ဖော်ပြောဆိုထားပြီး ဥရောပသို့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အီးယူရဲ့ခိုလှုံခွင့်စည်းမျဉ်းတွေ ပြုပြင်ပြောင်းလဲရေးအောင်မြင်ရေးအတွက် နှစ်ဆတိုးအားထုတ်ကြဖို့ တိုက်တွန်းပြောဆိုပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ရောမ

Related posts

Leave a Comment

VOM News

FREE
VIEW