မြောင်းမြမှာ ခရီးသည်တင် ရေယာဉ်(၁)စီး နစ်မြုပ်ပြီး ကလေး(၂)ဦးအပါအဝင် (၄)ဦးပျောက်ဆုံးနေ

မတ်လ၊ ၁-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင် ၊ မြောင်းမြမြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက ခရီးသည်တင်ရှပ်ပြေးရေယာဉ်(၁)စီးနစ် နစ်မြုပ်ပြီးကလေး(၂)ယောက်အပါအဝင် ခရီးသည်(၄)ယောက်ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ဒေသခံ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

ဒီနေ့ မတ်လ ၁ ရက်က မနက်ပိုင်းက လှိုင်းရာဇာ (၂)ရှပ်ပြေးခရီးသည်တင်ရေယာဉ်ဟာ ပြင်ရွာကျေးရွာကို ဘိလပ်မြေအိတ်တွေ ကုန်ချဖို့ ကမ်းဆိပ်ကို ကပ်တဲ့အချိန် ရေယာဉ် ပွင့်ထွက်ပြီး ရေတွေဝင်ကာ နစ်မြုပ်သွားတာလို့ သိရပါတယ်။

”နစ်မြုပ်သွားတဲ့ယာဉ်က လှိုင်းရာဇာ(၂)ပါ ၊ ရေယာဉ်ပေါ် မှာ ပါလာတဲ့ ဘိလပ်မြေအိတ်တွေချဖို့ ကမ်းကို ကပ်ရင်း ရုတ်တရက် နစ်မြုပ်သွားတာ၊ ခရီးသွား ၄ ယောက် ပျောက်နေတယ် ၊ရဲတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေ ရှာဖွေကယ်ဆယ်ရေးတွေလုပ်နေတယ်၊ နေ့လယ် ၁ နာရီအထိတော့ ပျောက်နေတဲ့သူတွေကို တယောက်မှ ပြန်မတွေ့သေးဘူး။”လို့ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေသူ တယောက်ကပြောပါတယ်။

အဲ့ဒီ ရေယာဉ်နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေတဲ့ ခရီးသည်(၄)ယောက်မှာ အသက်(၂)နှစ်အရွယ် မခက်စစ်မာန်၊ အသက်(၆)နှစ်အရွယ် မောင်ဇွဲမာန်၊ အသက်(၆၀)နှစ်အရွယ် ဒေါ်သန်းသိန်းနဲ့ အသက် (၃၃)နှစ်အရွယ် မနှင်းလဲ့ဝေတို့ဖြစ်တယ်လို့ သိရပါတယ်။

မြောင်းမြမြို့နယ်မှာ ၂၀၂၃ခုနှစ်အတွင်း အခုလို ခရီးသည်တင် ရှပ်ပြေးရေယာဉ်နစ်မြုပ်လို့လူ(၄)ယောက် အထိပျောက်ဆုံးတဲ့ ဖြစ်စဉ်ဟာ ပထမဆုံးဖြစ်တယ်လို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေရဲ့ပြောပြချက်အရသိရပါတယ်။

ဧရာဝတီတိုင်းထဲက မအူပင်ခရိုင် ၊ ညောင်တုန်းမြို့မှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်းက စက်လှေတိမ်းမှောက်မှုဖြစ်ပွားပြီးကလေး(၂)ယာက်သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့သေးတယ်လို့ သတင်းမှတ်တမ်းတွေ အရသိရပါတယ်။

#voiceofmyanmar #VOM #မြောင်းမြ #ရေယာဥ်နစ်မြုပ် #လူလေးဦးပျောက်ဆုံးနေ

Related posts

Leave a Comment

VOM News

FREE
VIEW