ရွှေပြည်သာက တရုတ်နိုင်ငံသားပိုင် စက်ရုံ၂ရုံ ပိတ်သိမ်းလိုက်လို့ အလုပ်သမား ၂၀၀၀ ကျော် အလုပ်ပြုတ်

မတ် ၁ – ၂၀၂၃
GG(VOM)

ရန်ကုန် ၊ရွှေပြည်သာမြို့နယ်ထဲက ဝါးတစ်ရာစက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂ရုံ ပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား၂၀၀၀ ကျော်ခန့် အလုပ်လက်မဲ့ဖြစ်ကုန်တယ်လို့ သိရပါတယ် ။

ပိတ်သိမ်းလိုက်တဲ့စက်ရုံတွေကတော့ GTIGနဲ့ GY Sen ကုမ္ပဏီတွေဖြစ်ပြီး ကုမ္ပဏီ၂ခုလုံးကတော့ Primark Brandကို ချုပ်လုပ်ကြတာဖြစ်ပြီး စက်ရုံတရုံမှာ အလုပ်သမား ၁၀၀၀ ကျော်ရှိကြောင်း ၊စက်ရုံကိုတော့ မနေ့ ဖေဖော်ဝါရီ၂၈ ရက်နေ့မှာပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

” ရွှေပြည်သာ ရဲ့ ဝါးတရာစက်မှူဇုန်မှာ အလုပ်သမား ထောင်ကျော်ရှိတဲ့စက်ရုံ နှစ်ရုံပိတ်သိမ်းပါမယ်။နှစ်ရုံလုံးက တရုပ်လုပ်ငန်းရှင်တွေ ပိုင်ကြတာ။ချုပ်တာလည်း အတူတူပဲ။နှစ်ရုံလုံး Primark brandကိုပဲ ချုပ်တာဖြစ်ပါတယ်။လုပ်ငန်းပိတ်သိမ်းတဲ့အခါ Gysan စက်ရုံဘက်က သမဂ္ဂနဲ့ WCCမှာစာချုပ် ချုပ်ပေးခဲ့တယ်။ “လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

Gysen စက်ရုံက နောက်ပိုင်းမှာ စက်ရုံပြန်လည်ဖွင့်လှစ်မယ်ဆိုရင် လက်ရှိရပ်နားခံလိုက်ရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်လည်ခန့်အပ်ဖို့ စက်ရုံနဲ့ အလုပ်သမားအကြား သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။

” မနေ့က စက်ရုံပိတ်တယ်။အလုပ်သမားတွေကို လစာပေးတယ်။ GTIG ကတော့ ပိတ်မယ့်အကြောင်းကြိုပြောထားတယ်၊GY Sen ကုမ္ပဏီနဲ့ကတော့ သူတို့စက်ရုံနောက်ပြန်ဖွင့်ဖြစ်ရင် အခုအလုပ်သမားတွေကိုဦးစားပေးပြန်ခန့်ဖို့ သဘောတူညီချက်ရတယ်။ စက်ရုံတွေပိတ်တော့ အလုပ်သမားတွေထောင်နဲ့ချီအလုပ်လက်မဲ့ဖြစ်ကုန်တယ်၊မှီခိုနေတဲ့မိသားစုတွေဒုက္ခရောက်ရတာပေါ့ “လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတဦးကပြောပါတယ်။

စက်ရုံတွေအနေနဲ့ကတော့ အထည်အော်ဒါ မရရှိတော့တာကြောင့် စက်ရုံလည်ပတ်ဖို့မဖြစ်နိုင်တော့တဲ့အတွက် စက်ရုံကို ပိတ်သိမ်းလိုက်ရတာဖြစ်တယ်လို့အသိပေးထားပါတယ်။

စက်ရုံပိတ်သိမ်းမှုကြောင့်အလုပ်သမားတွေနစ်နာမှုမရှိအောင်ဆိုပြီး စက်ရုံဘက်က နို့တစ်ကြေး ၊လုပ်သက်နှစ်အလိုက် နစ်နာကြေး လုပ်သက်ခွင့် ခံစားမှုနဲ့ ဖေဖော်ဝါရီလအတွက်လစာကို အပြည့်ပေးချေမယ်လို့ ပြောဆိုထားပါတယ်။

ရန်ကုန်မှာ နောက်ထပ် ပိတ်သိမ်းဖို့ပြင်နေတဲ့ အထည်ချုပ်စက်ရုံတွေလည်းရှိကြောင်း၊ ရွှေပြည်သာစက်မှုဇုန်ထဲက စက်ရုံပိုင်ရှင်အချို့ကိုလည်း အလုပ်သမားဘက်က တရားစွဲဆိုထားတဲ့အမှုတွေရှိနေတယ်လို့သိရပါတယ်။

အရင်ကလည်း အထည်ချုပ်စက်ရုံ(၁၀)ရုံထက်မနည်း ပိတ်သိမ်းတာတွေရှိသလို အလုပ်သမားတွေကိုလုပ်ခလစာမပေးဘဲ ထွက်ပြေးသွားတဲ့တရုပ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံတွေ ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အထည်ချုပ်စက်ရုံ(၂)ရုံပိတ်သိမ်း #အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW