အခုနှစ် ဆယ်တန်စာမေးပွဲဖြေဆိုသူ ၁၈၀၀၀၀ နီးပါးသာရှိ၊အရင်နှစ်ထက် ဖြေဆိုသူ ၁သိန်းကျော်လျော့

မတ် ၁ – ၂၀၂၃
GG(VOM)

မကြာခင်ကျင်းပတော့မယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသားကျောင်းသူ ဦးရေ (၁၈၀၀၀၀)ဝန်းကျင်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုချ်န်က ဝင်ရောက်ဖြေဆိုသူ ၂သိန်း ၈၀၀၀၀ ကျော်ရှိခဲ့တာကြောင့် အခုနှစ် တက္ကသိုလ်ဝင်တန်းစားမေးပွဲဖြေဆိုတဲ့နူန်းဟာ အရင်နှစ်ကထက် ၁ သိန်းကျော် လျော့ကျသွားတယ်လို့ သိရပါတယ်။

” နိုင်ငံရေးငြိမ်မှပဲဲ ပြန်တက်မယ်ဆိုတဲ့ကျောင်းသားတွေလည်းရှိတယ်၊အရင်နှစ်က ကျပြီး အခုနှစ် ဆက်မတက်တော့တာတွေလည်းရှိတယ်၊ တချို့ကျလည်း စားဝတ်နေရေးမပြေလည်တော့ ကျောင်းမတက်နိုင်လို့ဆိုတာတွေလည်းရှိတယ်၊နယ်မြေမအေးချမ်းသေးတဲ့ဘက်တွေက ကလေးတွေဆိုလည်း မတတ်နိုင်ကြဘူး ၊ ဒီနှစ်ကို ပြန်ဖြေစေချင်တာက စနစ်ဟောင်း နဲ့ နောက်ဆုံးစစ်ပေးတာကြောင့်ပါ”လို့ ကျောင်းဆရာမတဦးကပြောပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ စနစ်ဟောင်း၊ သင်ရိုးဟောင်းနဲ့ နောက်ဆုံးအကြိမ် စစ်ဆေးတဲ့ စာမေးပွဲဖြစ်တယ်လို့ သိရပါတယ်။

အဓိက ကတော့ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မအောင်မြင်ခဲ့တဲ့ကျောင်းသား ကျောင်းသူတွေနဲ့ အကြောင်းကြောင်းတွေကြောင့် စာမေးပွဲ မဖြေဆိုခဲ့ရသူတွေအတွက် အဆင်ပြေအောင် ပြုလုပ်ပေးတာဖြစ်တယ်လို့သိရပါတယ်။

” စာတွေကတော့ ရသင့်သလောက်ရနေပါပြီ ၊စာမေးပွဲမှာ ကိုယ်ကျက်ထားတာနဲ့ တိုးပါစေလို့ ဆုတောင်းတယ်၊ဂုဏ်ထူးတော့မမျှော်ပါဘူး အောင်ရင်ရပြီ ” လို့ ဆယ်တန်းစာမေးပွဲဖြေဆိုမယ့်ကျောင်းသားတဦးကပြောပါတယ်။

တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲဖြေဆိုခွင့်ကတ်တွေကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ဝ ရက်နေ့ကတည်းက တနိုင်ငံလုံးမှာ စတင်ထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

” ဖြေဆိုမယ့်ကဒ်တွေထုတ်ပြီးပြီ၊ အခုကာလကတော့ ကလေးတွေအတွက်ရော ကျမတို့မိဘအတွက်ပါအရေးကြီးတယ်၊မျက်စိအောက်ကအပျောက်ခံလို့မရဘူး၊နေမကောင်း မဖြစ်အောင်လည်း ဂရုစိုက်ရတယ်၊စာကျက်အောင်လည်းဘေးကနေပံံ့ပိုးရတယ်၊ ဆယ်တန်းက နတ်ကြီးတယ်လေ၊ကလေးတွေအကုန်လုံးဖြေနိုင်ပြီး အောင်စေချင်ပါတယ် “လို့ ကျောင်းသားမိဘတဦးကပြောပါတယ်။

၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာ ရီအထိ ဖြေဆိုခွင့်ရှိပြိး မတ်လ ၈ ရက်နေ့ ကနေ မတ်လ ၁၈ ရက်​နေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

စာမေးပွဲကာလတလျှောက်လုံး ညပိုင်းစာကြည့်ချိန် မီးမပျက်အောင် စီးပွားရေးလုပ်ငန်းတွေအားလုံးရဲ့ မီးသုံးစွဲမှုကို ကန့်သတ်ထားမှာဖြစ်ပြီး မလိုက်နာသူတွေကို ဥပဒေအရ အရေးယူမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေကော်ပိုရေးရှင်း (YESC)က အသိပေးထားတာလည်း ရှိပါတယ်။

ပုံစာ- အရင်နှစ် တက္ကသိုလလ်ဝင်စာမေးပွဲ ဖြေဆိုချိန်
#voiceofmyanmar #VOM #ဆယ်တန်းစာမေးပွဲ #ဖြေဆိုသူဦးရေးလျော့ကျ

Related posts

Leave a Comment

VOM News

FREE
VIEW