ဗီယက်နမ်သမ္မတသစ်အဖြစ် ဗိုဗန်သောင်ကို အမျိုးသားလွှတ်တော်က အတည်ပြုခန့်အပ်

ဟနွိုင်း၊ မတ်-၂-၂၀၂၃
မျိုးဆက်(VOM)

ဗီယက်နမ်နိုင်ငံမှာ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်နေချိန်မှာ ထိပ်တန်းခေါင်ဆောင်ပိုင်းတွေ အပြောင်းအလဲဖြစ်ပေါ်နေပြီး သမ္မတသစ်အဖြစ် ဗိုဗန်သောင်ကို ဗီယက်နမ်အမျိုးသားလွှတ်တော်က မတ် ၂ ရက်မှာ ရွေးချယ်လိုက်ပါတယ်။

အာဏာရ ကွန်မြူနစ်ပါတီက အသက် ၅၂ နှစ်အရွယ် ဗိုဗန်သောင်ကို သမ္မတအဖြစ် မတ် ၁ ရက်မှာ အမည်စာရင်တင်သွင်းပြီးနောက် အမျိုးသားလွှတ်တော်က အတည်ပြုခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။

ထိပ်တန်းတာ၀န်ရှိသူအချို့ရဲ့ အမှားအယွင်းတွေနဲ့ အကျင့်ပျက်ချစားမှုတွေကြောင့် ယခင်သမ္မတ ငုယင်ဆွမ်ဖူ ဇန်နဝါရီလအတွင်းက ရာထူးကနေ ရုတ်တရက်ထွက်ခွာပြီးနောက် ဗိုဗန်သောင်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးကို ပြတ်ပြတ်သားသား ဆက်လက်လုပ်ဆောင်သွားမယ်လို့ လွှတ်တော်ကို ပထမဆုံးပြောတဲ့ မိန့်ခွန်းမှာ ဗိုဗန်သောင်က ပြောပါတယ်။

သူဟာ နိုင်ငံရဲ့အရေးပါတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရေးအဖွဲ့ဖြစ်တဲ့ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့၀င်ဖြစ်ပြီး ပါတီရဲ့လူငယ်အဖွဲ့အစည်းမှာစတင်ပါ၀င်ပြီးနိုင်ငံရေးဆောင်ရွက်ခဲ့ကာ ဝါရင့်နိုင်ငံရေးသမားတဦးအဖြစ် သတ်မှတ်ခံရသူဖြစ်ပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဟနွိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW