ကမ္ဘောဒီးယား အဓိကအတိုက်အခံခေါင်းဆောင် နေအိမ်အကျယ်ချုပ် ၂၇ နှစ်ချမှတ်ခံရ

ဖနောင်ပင်၊ မတ်-၃-၂၀၂၃
မျိုးဆက်(VOM)

ကမ္ဘောဒီးယားနိုင်ငံရဲ့ အထင်ရှားဆုံးအတိုက်အခံခေါင်းဆောင်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ မတ် ၃ ရက်မှာ အာဏာပိုင်တွေက နေအိမ်အကျယ်ချုပ် ၂၇ နှစ်ချမှတ်လိုက်ပါတယ်။

လက်ရှိဖျက်သိမ်းခံလိုက်ရတဲ့ ကမ္ဘာဒီးယားအမျိုးသားကယ်တင်ရေးပါတီရဲ့ ခေါင်းဆောင်ဟောင်းဖြစ်သူ ကမ်ဆော့ခါကို ရွေးကောက်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်ခွင့်နဲ့ မဲပေးခွင့်ကိုလည်း အာဏာပိုင်တွေက ပိတ်ပင်ထားပါတယ်။

သူဟာအမေရိကန်ရှိ ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေထံကန ပံ့ပိုးကူညီမှုတွေရယူခဲ့တယ်ဆိုကာ ၂၀၁၇ ခုနှစ်မှာ ပထမဆုံးဖမ်းဆီးခံခဲ့ရပါတယ်။ လက်ရှိစီရင်ချကဟာ မျှတမှုမရှိကြောင်းနဲ့ စီရင်ချက်ကို အယူခံ၀င်သွားမှာဖြစ်ကြောင်း သူ့ရဲ့ရှေ့နေအဖွဲ့ကပြောပါတယ်။

ကမ်ဆော့ခါဟာ ၀န်ကြီးချုပ်ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားအစိုးရကို ဖြုတ်ချဖို့ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းကြံစည်တယ်လို့ စွပ်စွဲခံထားရပါတယ်။

လက်ရှိ၀န်ကြီးချုပ်ဟွန်ဆန်ဟာ ၁၉၈၅ ခုနှစ်ကစပြအီး အာဏာရယူနိုင်ခဲ့တဲ့ ကမ္ဘာ့သက်တမ်းအရှည်ဆုံး အာဏာရှင်တွေထဲက တဦးဖြစ်ပါတယ်။

ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲကို လာမယ့်ဇူလိုင်လမှာ ကျင်းပမှာဖြစ်ပြီး ၀န်ကြီးချုပ်ဟွန်ဆန်ဟာ သူ့ရဲ့သားဖြစ်သူ ဟွန်မာနက်ကို အာဏာလွှဲပြောင်းပေးဖို့ စီစဉ်နေကြောင်း နိုင်ငံရေးအကဲခတ်အချို့က ယုံကြည်နေကြပြီး အချို့ကတော့ ၀န်ကြီးချုပ်ဟွန်ဆန် ရွေးကောက်ပွဲ၀င်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဖနောင်ပင်

Related posts

Leave a Comment

VOM News

FREE
VIEW