ထိုင်းမှာ ညှင်းပန်းနှိပ်စက်ခံရတဲ့ မြန်မာအလုပ်သမား (၁၄)ယောက်ကို ကယ်ဆယ်နိုင်ခဲ့

မတ် ၃ – ၂၀၂၃
GG(VOM)

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဘန့်ကောင်ရွာကကြံစိုက်ခင်းမှာ လုပ်ခလစာမရဘဲ အဓမ္မခိုင်းစေခံရတဲ့အပြင် ညှင်းပန်းနှိပ်စက်ခံနေရတဲ့ မြန်မာအလုပ်သမား ၁၄ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ လူအခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေရှင်း HRDFကနေ သိရပါတယ်။

သေနတ် သုံးပြီးလည်း ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာ‌အောင်ခြိမ်းခြောက်တာတွေလည်းရှိတဲ့အပြင် တခြားလူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်မှုတွေပါရှိတယ်ဆိုပြီး တိုင်ကြားလာလို့ အခုလိုကယ်ထုတ်နိုင်ခဲ့တာလို့သိရပါတယ်။

” အလုပ်ရှင်ကလိမ်လည် လှည့်ဖြားပြီး လစာမပေးဘဲ အလုပ်ခိုင်းတဲ့အပြင် အထောက်အထားစာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းတယ်၊အလုပ်ချိန်ကို ဥပဒေသတ်မှတ်ထားတဲ့ အချိန်ထက် ကျော်ပြီး အလုပ်‌ခိုင်းတယ်၊ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်တာတွေရှိတယ်လို့သိရလို့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကယ်ထုတ်ခဲ့တာပါ “လို့ လူအခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်း HRDF ရဲ့ တာဝန်ရှိသူကပြောပါတယ်။

မြန်မာအလုပ်သမားတွေကို သွားရောက်ကယ်ဆယ်ချိန်မှာ ကြံခင်းပိုင်ရှင်ထိုင်းနိုင်ငံသားကထွက်ပြေးသွားတာကြောင့် ဥပဒေအရအရေးယူနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

မတရားခိုင်စေခံခဲ့ရတဲ့အထဲမှာ မြန်မာအလုပ်သမား အမျိုးသာ ၁၀ ဦး၊ အမျိုးသမီး ၄ ဦးပါဝင်တယ်လို့သိရပါတယ်။

လက်ရှိမှာ မြန်မာလုပ်သားတွေကို စစ်ဆေးမေးမြန်းတာတွေလုပ်နေကြောင်း၊ စစ်ဆေးမေးမြန်းမှုရလဒ်အပေါ်မူတည်ပြီး ထိုင်းနိုင်ငံသားအလုပ်ရှင်ကို အရေးယူဖို့လုပ်ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ထိုင်း #မြန်မာလုပ်သားကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW