ရခိုင်က မဟာမုနိဘုရားပွဲတော်

မတ် ၄- ၂၀၂၃
SW(VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားပွဲတော်ကို မတ်လ ၃ ရက်နေ့ကတည်းက စတင်ကျင်းပနေပါတယ်။

မဟာမုနိဘုရားပွဲကို ရခိုင်ပြည်နယ်အနှံ့က ဘုရားဖူးခရီးသွားတွေ ထောင်နဲ့ချီလာရောက်ကြပြီး မတ် ၇ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မဟာမုနိစက်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို (၃၀) ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး အသံမစဲပဌာန်းတရား ရွတ်ဖတ်ပူဇော်ပွဲဟာ ​ဘုရားပွဲလုပ်ရတဲ့ အဓိကအကြောင်းအရင်းဖြစ်တယ်လို့သိရပါတယ်။

အဲဒီလို ဘုရားပွဲကျင်းပတဲ့အခါ ပြည်နယ်တွင်းက ဘုရားပွဲတိုင်းမှာ ထည့်သွင်းကျင်းပလေ့ရှိတဲ့ ရခိုင်ရိုးရာ ကျင်းပပွဲနဲ့ ဇာတ်သဘင်ဖျော်ဖြေရေးတွေ ပါဝင်တယ်လို့ ဘုရားပွဲကို သွားရောက်ခဲ့တဲ့ ခရီးသွားတဦးကပြောပါတယ်။

” ဘုရားဖူးတွေကအရမ်းများတယ်။ ဘုရားပွဲက ညပိုင်းဆိုတော့ ပိုစည်ကားပါတယ်။ ကျနော်တို့က စစ်တွေကနေ လာရတာဆိုတော့ ပင်ပန်းပေမယ့် ပျော်စရာကောင်းပါတယ်။”လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းကနေ ပြည်တွင်းစစ်ပဋိပက္ခနဲ့ ကြုံတွေ့ခဲ့ရပြီး ပွဲလမ်းသဘင်တွေနဲ့ ဝေးကွာနေတာလည်း နှစ်နဲ့ချီကြာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ်က ကိုဗစ်ကပ်ရောဂါကြောင့်လည်း ပွဲလမ်းသဘင်နဲ့ လူစုလူဝေးတွေ မပြုလုပ်ရတာကြောင့် ကပ်ဘေးဒဏ်ကိုပါ ခံခဲ့ရပါတယ်။

လက်ရှိ ကျောက်တော်မှာ ကျင်းပနေတဲ့ မဟာမုနိဘုရားပွဲဟာလည်း ၃ နှစ်ကြာ ရပ်တန့်ခဲ့ပြီးကာမှ ပြန်လည်ကျင်းပနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #မဟာမုနိဘုးရားပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW