ဖိလစ်ပိုင်ကမ်းရိုးတန်းမှာ ရေနံယိုဖိတ်မှု ဒေသခံအများအပြား နာမကျန်းဖြစ်ပွားနေ

မနီလာ၊ မတ်-၇-၂၀၂၃
မျိုးဆက်(VOM)

ဖိလစ်ပိုင်နိုင်ငံကမ်းရိုးတန်းမှာ ရေနံတင်သင်္ဘောနစ်မြုပ်မှုကနေ ရေနံယိုဖိတ်မှုကြောင့် အနီးအနားက ကျေးရွာတွေက ဒေသခံအများအပြား နာမကျန်းဖြစ်နေတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

လောင်စာဆီ လီတာရှစ်သိန်းသယ်ဆောင်လာတဲ့ MT Princess Empress သင်္ဘောဟာ မင်ဒိုရိုပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက နစ်မြုပ်သွားပြီးနောက် ရေနံယိုဖိတ်မှုတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

အဲဒီလောင်စာဆီတွေဟာ အနီးအနားက တံငါရွာတွေရဲ့ ကမ်းခြေတွေကိုရောက်ရှိပျံ့နှံ့နေပြီး ဒေသခံတွေဟာ ကြွက်တက်ခြင်း၊ မူးဝေခင်းနဲ့ အော့အန်တာတွေ ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောင်စာဆီအငွေ့တွေကို ရှူရှိုက်မိရင် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်းလိုမျိုး လက္ခဏာတွေဖြစ်စေနိုင်ပြီး အရေပြားနဲ့ထိတွေ့မိရင် ယားယံတာနဲ့ အရည်ကြည်ဖုထတာမျိုးတွေ ကြုံတွေရတတ်ပါတယ်။

အဲဒီဒေသမှာ ဘေးအန္တရာယ်ရှိကြောင်း ကြေညာထားပြီး ရေနံယိုဖိတ်မှုတွေကို ရှင်းလင်းမှုမပြီးမချင်း ငါးဖမ်းတာတွေကို တားမြစ်ထားပါတယ်။

ဒီလိုတားမြစ်မှုကြောင့် ကျေးရွာ ၆၀ ကျော်က ရေလုပ်သား ၁၈၀၀၀ ရဲ့ အသက်မွေး၀မ်းကြောင်းကို ထိခိုက်စေကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: BBC
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW