အမေရိကန်-တရုတ်ဆက်ဆံရေး ဆိုးရွားစွာပျက်ယွင်းနေကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးသစ် သတိပေး

ပေကျင်း၊ မတ်-၇-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နဲ့တရုတ်နိုင်ငံအကြား ပဋိပက္ခတွေဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး သတိပေးမှုတွေရှိနေစဉ် နှစ်နိုင်ငံဆက်ဆံရေးဟာ ဆိုးရွားစွာပျက်ယွင်းနေကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးသစ် ချင်ဂန်က သတိပေးပြောဆိုလိုက်ပါတယ်။

ကန့်သတ်ချုပ်ချုပ်မှုတွေနဲ့ဖိနှိပ်မှုတွေက အမေရိကန်ကို ကြီးကျယ်ခန်းနားစေမှာမဟုတ်သလို တရုတ်နိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကိုလည်း ရပ်တန့်နိုင်မှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေး၀န်ကြီးက သတိပေးပြောဆိုပါတယ်။

နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ရန်ကြိုးပမ်းခဲ့သော်လည်း သူလျှိုမီးပျံတွေ အမေရိကန်အပေါ် ဖြတ်ကျော်ပျံသန်းမှုတွေကြောင့် တင်းမာမှုတွေ တိုးပွားလာခဲ့ပါတယ်။

အမေရိကန်ဟာ တရုတ်ကို အဓိကပြိုင်ဘက်အဖြစ် ရှုမြင်ထားသလို အကျိးဆက်အများဆုံး ပထဝီနိုင်ငံရေး စိန်ခေါ်မှုအဖြစ်လည်း သတ်မှတ်ထားတာက လွဲမှားနေကြောင်း နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်နိုင်မလား သတင်းထောက်တွေရဲ့ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေး၀န်ကြီး ချင်ဂန်က ပြန်လည်ဖြေကြားပါတယ်။

အမေရိကန်အနေနဲ့ မရပ်တန့်ဘဲ လမ်းမှာကိုဆက်လျှောက်နေမယ်ဆိုရင် လမ်းချော်သွားမှာဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ပဋိပက္ခတွေထဲ ကျရောက်သွားနိုင်တယ်လို့ တရုတ်နိုင်ငံခြားရေး၀န်ကြီးက သတိပေးပြောဆိုထားပါတယ်။

Ref: BBC
Photo:Kyodo
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW