ခွင့်ပြုချက်မရဘဲ တေးသီချင်းတွေ ကိုယ်ကျိုးအတွက်အသုံးပြုတာတွေ့ရင် ဥပဒေအရ အရေးယူမယ်

မတ် ၈-၂၀၂၃
MM(VOM)

မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်းရဲ့ ခွင့်ပြုချက်မရဘဲ တေးသီချင်းတွေကို ကိုယ်ကျိုးအတွက် အသုံးပြုတာတွေ ရှိနေတာကြောင့် ခွင့်ပြုချက်မရဘဲ ကိုယ်ကျိုးအတွက်အသုံးပြုသူတာတွေ တွေ့ရှိနေရတာကြောင့် ဥပဒေအရ အရေးယူသွားမယ်လို့ မြန်မာနိုင်ငံတေးသီချင်းမူပိုင် ထုတ်လုပ်သူများအသင်းရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်းရဲ့ အဖွဲ့ဝင်တွေကထုတ်လုပ်တဲ့ တေးသီချင်းတွေ၊ အရုပ်/အသံ ဖော်ပြပါရှိတဲ့ Audio CD, MTV, VCD, DVD(Karaoke)တွေကို အွန်လိုင်းစနစ်၊ Offline စနစ်၊ အခကြေးငွေ၊ အခမဲ့၊ ဒေါင်းလုတ် ရယူ အသုံးပြုနိုင်ဖို့ ဈေးကွက်အတွင်း ရောင်းချလျက်ရှိတဲ့ Karaoke စက်တွေ၊ Mobile Application တွေ၊ Digital Platform တွေ၊ Internet Website တွေနဲ့ အခကြေးငွေရယူကာ စီးပွားဖြစ်ရောင်းချနေတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ဒါ့အပြင် တေးစီးရီးသာ ထွက်ပြီး MTV Karaoke, Music Video တရားဝင်ထွက်ရှိခြင်းမရှိတဲ့ တေး သီချင်းတွေကိုလည်း နည်းပညာအသုံးပြုကာ Karaoke အဖြစ် သီဆိုအသုံးပြုနိုင်ရန် စာသားရေးထိုး ဖော်ပြထားတဲ့ (Lyric Video)များ၊ လှုပ်ရှားပုံရိပ်တွေ၊ ထည့်သွင်း ဖန်တီးထားတဲ့ Animation Video တွေဖြန်တီးကာ ဖြန့်ဖြူးရောင်းချနေတာကိုလည်း တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိတာတွေ့ရပါတယ်။

ဒါ့ကြောင့် ဒီလုပ်ဆောင်ချက်တွေဟာ ခွင့်ပြုချက်ရယူတာ မရှိဘဲ လုပ်ဆောင်တာဖြစ်လို့ တေးထုတ်လုပ်သူတွေရဲ့ ရင်းနှီးမြှုုပ်နှံမှုဆိုင်ရာ အကျိုးစီးပွားတွေ မူပိုင်ခွင့်ဆိုင်ရာ အကျိုးစီးပွားတွေကို ထိခိုက်လာတယ်လို့ အသိပေးထားတာတွေ့ ရှိရကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တေးထုတ်လုပ်သူတဦးက ”ကိစ္စက ရှင်းပါတယ် အချောင်သမားတွေ မရှိစေဖို့ ၊ ကိုယ့်အကျိုးအတွက်သာ ကြည့်သူတွေမရှိစေဖို့နဲ့ တေးထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင်တွေ မထိခိုက် မနစ်နာစေဖို့ပါ၊ ဒီလုပ်ဆောင်ချက်ကို ကြိုဆိုပါတယ်။”လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံ တေးသီချင်းမူပိုင် ထုတ်လုပ်သူများအသင်းက အသင်းဝင်ထုတ်လုပ်သူတွေရဲ့ တေးသီချင်းတွေကို ကြေညာထားတဲ့ နေ့ရက်ပေါင်း ၃၀ အတွင်းဆက်သွယ်ကာ သတ်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့အညီ ခွင့်ပြုချက် ရယူတောင်းခံအသုံးပြုရမယ်လို့ အသိပေးရေးသားထားပါသေးတယ်။

သတ်မှတ်ထားတဲ့ ရက်ကျော်လွန်တဲ့အထိ ဆက်သွယ်ဆောင်ရွက်တာမရှိဘဲ ခွင့်ပြုချက်မဲ့ဆက်လက် အသုံးပြုပါက ထုတ်လုပ်သူတွေရဲ့ အကျိုးစီးပွား နစ်နာမှုနဲ့ အနုပညာပစ္စည်းအလွဲသုံးမှုတွေအတွက် ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သိရပါတယ်။

အဲ့ဒီ မြန်မာနိုင်ငံတေးသီချင်းမူ ပိုင်ထုတ်လုပ်သူများ အသင်းကို Audio CD, MTV, VCD, DVD (Karaoke)တွေမှာပါဝင်တဲ့ အရုပ်၊အသံ ပူးတွဲဖော်ပြ ထားတဲ့ တေးသီချင်းတွေကို အလွဲသုံးစားပြုလုပ်ကာ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုမှုတွေကို ကာကွယ်စောင့်ရှောက်ဖို့ရည်ရွယ်ပြီး တေးထုတ်လုပ်ရေးလုပ်ငန်းရှင် ၂၈ ခုနဲ့ ၂၀၂၀ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တေးသီချင်း #ခွင့်ပြုချက်မရှိဘဲကိုယ်ကျိုးသုံးရင် #အရေးယူမယ်

Related posts

Leave a Comment

VOM News

FREE
VIEW