ယူကရိန်းလယ်ယာထွက်ကုန်တင်ပို့ရေး သဘောတူညီချက် ရုရှားသက်တမ်းတိုးဖွယ်မရှိ ၊ ကုလအကြီးအကဲသွားရောက်ဆွေးနွေးမယ်

ကိယက်ဗ်၊ မတ်-၈-၂၀၂၃
မျိုးဆက်(VOM)

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ ယူကရိန်းသမ္မတင်္ဇီလန်စကီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ယူကရိန်းကို သွားရောက်နေပါတယ်။

သူဟာ လာမယ့်သီတင်းပတ်မှာ သက်တမ်းကုန်ဆုံးမယ့် ယူကရိန်းလယ်ယာထွက်ကုန်တင်ပို့မှုဆိုင်ရာ သဘောတူညီချက်ကို သက်တမ်းတိုးဖို့ သမ္မတဇီလန်စကီးနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်ဟာ မတ် ၇ ရက်မှာ ပိုလန်နိုင်ငံကိုရောက်ရှိမှာဖြစ်ပြီး မတ် ၈ ရက်တွင် ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။

ရုရှားကတော့ ဒီသဘောတူညီချက်သက်တမ်းတိုးမယ့်ကိစ္စကို သဘောမတူဘူးလို့ ထုတ်ဖော်ပြောဆိုထားပြီး နောက်ထပ်ဆွေးနွေးမှုတွေအတွက် ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့်သီတင်းပတ်အတွင်း ဂျီနီဗာကို သွားဖို့ရှိနေပါတယ်။

ဒီခရီးစဉ်ဟာ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားကကျူးကျော်မှု စတင်ပြီးနောက်ပိုင်း ကုလသမဂ္ဂအကြီးအကဲရဲ့ တတိယအကြိမ်မြောက် ယူကရိန်းခရီးစဉ်ဖြစ်ပါတယ်။

ဂူတာရက်စ်နဲ့ ဇီလန်စကီးတို့ဟာ မတ် ၁၈ ရက်မှာသက်တမ်းကုန်ဆုံးတော့မယ့် ယူကရိန်းလယ်ယာထွက်ကုန်တွေ တင်ပို့ရေးသဘောတူစာချုပ် သက်တမ်းတိုးရေးဆွေးနွေးမှာဖြစ်ပြီး အဲဒီသဘောတူညီချက်ကို ယူကရိန်းနဲ့ရုရှားတို့အကြား ကုလသမဂ္ဂနဲ့ တူရကီတို့က ဖြန်ဖြေမှုကြောင့်ရရှိခဲ့တာဖြစ်ပြီး ရုရှားက ပိတ်ဆို့ထားတဲ့ ပင်လက်နက်ဆိပ်ကမ်းတွေက သင်္ဘောတွေကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW