မြန်မာတနိုင်ငံလုံးမှာ နေရပ်စွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်နေရသူ ၁.၆ သန်းကျော်အထိရှိလာ

မတ် ၉ – ၂၀၂၃
GG(VOM)

မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၁.၆ သန်းကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာ နာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး(OCHA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီအထဲကမှ လူဦးရေ ၁ . ၃ သန်းကျော်ဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလအထိ စာရင်းဖြစ်ပြီး နိုင်ငံအတွင်း မတည်ငြိမ်မှုတွေ၊ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်​တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

” နေအိမ်စွန့်ခွာပြေးနေရတာကတော့ အခုထိရှိနေတုန်းပဲ။ နှစ်ဖက်တိုက်ပွဲတွေကြား ပြေးရတာပေါ့။ နေအိမ်မီးလောင်တာလည်း အများကြီးပဲ။ဒီ အခြေအနေတွေပြီးသွားရင်တောင် ပြန်စရာအိမ်မရှိတော့တဲ့သူတွေအများကြီးဖြစ်နေပါပြီ၊ ပဲခူးအရှေ့ခြမ်းရွှေကျင် ၊ကျောက်ကြီးအများကြီးပဲ “လို့ ကျောက်တံခါး ဘက်ကဒေသခံတဦးကပြောပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေလို့ အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ မြင့်တက်နေတယ်လို့ UNOCHA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီအထဲကမှ အနောက်မြောက်ပိုင်း​ဒေသနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့လို့ နေရပ်စွန့် ခွာရသူတွေ၊ အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အပါအဝင် သွားလာရေးနဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး အခက်အခဲတွေဖြစ် ပေါ်နေတယ်လို့ သိရပါတယ်။

နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေဟာ ရွှေ့ပြောင်းအခြေချစခန်းတွေနဲ့ ယာယီစခန်းတွေမှာ မရေမရာအခြေအနေတွေနဲ့ နေထိုင်နေကြရပြီး အများအားဖြင့် နီးစပ်ရာ တောတောင်တွေထဲမှာ တိမ်းရှောင်နေထိုင်နေကြရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ ပြည်တွင်း နိုင်ငံရေးအခြေအနေကြောင့် တိုက်ပွဲတွေဖြစ်ပွားတဲ့နယ်မြေတွေမှာ နေအိမ်၊ရွာလုံးကျွတ်မီးလောင်ပျက်စီးတာတွေ၊လူသေဆုံးတာတွေ ၊ အသတ်ခံရတာတွေ၊ဖမ်းဆီးခံရတာတွေ အများအပြားရှိခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မြန်မာ #နေရပ်စွန့်ထွက်ပြေးသူ #၁.၆သန်းကျော်ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW