တကယ့်စစ်ပွဲအတွက် စစ်ရေးလေ့ကျင့်မှုတွေအရိ်ှန်မြှင့်ဖို့ မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်အမိန့်ပေး

ဆိုးလ် ၊ မတ်-၁၀-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားစစ်တပ်အနေနဲ့ လိုအပ်လာရင် တကယ်စစ်ပွဲကိုရင်ဆိုင်ဖို့အတွက် စစ်ရေးလေ့ကျင့်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ ကင်ဂျုံအန်က မြောက်ကိုရီးယားစစ်တပ်ကို အမိန့်ပေးလိုက်ပါတယ်။

ပထမအနေဖြင့် စစ်ပွဲကိုဟန့်တားဖို့နဲ့ ဒုတိယအချက်အနေနဲ့ စစ်ပွဲတပွဲစတင်ဖို့အတွက် မဟာဗျူဟာမြောက်တာ၀န်နှစ်ခုအတွက် အပြည့်စုံဆုံး ကြိုတင်ပြင်ဆင်ထားဖို့ ကင်ဂျုံအန်က ပြောပါတယ်။

မြောက်ကိုရီးယားဟာ မတ် ၉ ရက်နေ့မှာ နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းကနေ တာတိုပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး ဒီပစ်ခတ်မှုကို ကင်ဂျုံအန်ကိုယ်တိုင်ကြီးကြပ်ခဲ့ပါတယ်။

အဲဒီလိုပစ်ခတ်စမ်းသပ်မှုမှာ သတ်မှတ်ထားတဲ့ ပစ်မှတ်ကိုအောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ရန်စမှုတွေကို အလျင်အမြန်တုံ့ပြန်တိုက်ခိုက်ဖို့ အသင့်ရှိနေကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရည်ညွှန်းပြီး သတိပေးပြောဆိုထားပါတယ်။

ဒါပေမယ့် တောင်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို တိုးမြှင့်ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို တန်ပြန်ရေးအစီအစဉ်တွေကို မြှုင့်တင်သွားမယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW