အရှေ့အလယ်ပိုင်းပြိုင်ဘက် အီရန်နဲ့ ဆော်ဒီတို့အကြား သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ သဘောတူ

ရီယတ်၊ မတ်-၁၁-၂၀၂၃
မျိုးဆက်(VOM)

အရှေ့အလယ်ပိုင်းဒေသ ပြိုင်ဘက်တွေဖြစ်တဲ့ အီရန်နဲ့ ဆော်ဒီအာရေဗျတို့ဟာ နှစ်နိုင်ငံဆက်ဆံရေးပြတ်တောက်ပြီးနောက် ခုနှစ်နှစ်အကြာမှာ သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ သဘောတူလိုက်ကြပါတယ်။

နှစ်နိုင်ငံတာ၀န်ရှိသူတွေ တရုတ်နိုင်ငံမှာ လေးရက်ကြာဆွေးနွေးပြီးနောက် သံတမန် ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ သဘောတူညီချက် မတ် ၁၀ ရက်မှာ ရုတ်တရက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပြည်လည်သင့်မြတ်ရေးအတွက် ယခင်ကြိုးပမ်းမှုတွေမအောင်မြင်ခဲ့ပေမယ့် လက်ရှိသဘောတူညီမှုတွေအရ နှစ်လအတွင်း သံရုံးများပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတွေကိုလည်းပြန်လည်ထူထောင်မှာဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ဆော်ဒီအာရေဗျဟာ ထင်ရှားသောရှီးယိုက်ဘာသာရေးခေါင်းဆောင်တဦးကို ရီယတ်မှာ ကွပ်မျက်ပြီးနောက် အီရန်နိုင်ငံ တီဟီရန်ရှိဆော်ဒီသံရုံးကို ဆန္ဒပြသူတွေက ၀င်ရောက်စီးနှင်းမှုဖြစ်ပွားအပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ အီရန်နဲ့ ဆက်ဆံရေးဖြတ်တောက်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဒေသရဲ့ အင်အားကြီးအဖြစ်သတ်မှတ်ခံထားရတဲ့ အီရနနဲ့ ဆော်ဒီအာရေဗျတို့ဟာ လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်နဲ့ ယီမင်တို့ရှိ အဓိကပြိုင်ဘက်အုပ်စုတွေကို အသီးသီးပံ့ပိုးမှုတွေ လုပ်ဆောင်နေပါတယ်။

အီရန်ဟာ ဟူသီသူပုန်တွေကို ထောက်ပံ့မှုတွေပေးခဲ့ပြီး ဆော်ဒီအာရေဗျကတော့ ၂၀၁၄ ခုနှစ်ကစပြီး ဟူသီသူပုန်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ရီယတ်

Related posts

Leave a Comment

VOM News

FREE
VIEW