အသစ်တွေ့ရှိထားတဲ့ ဂြိုဟ်သိမ်၂၀၄၆ ခုနှစ်မှာ ကမ္ဘာကို၀င်တိုက်နိုင်ခြေ နည်းပါး

ဝါရှင်တန်၊ မတ်-၁၁-၂၀၂၃
မျိုးဆက်(VOM)

သိပ္ပံပညာရှင်တွေ အသစ်တွ့ရှိထားတဲ့ ဂြိုဟ်သိမ်တခုဟာ ၂၀၄၆ ခုနှစ်မှာ ကမ္ဘာမြေကို ၀င်တိုက်နိုင်ခြေ နည်းပါးကြောင်း အမေရိကန်အာကာသအေဂျင်စီ(နာဆာ)က ထုတ်ပြန်ပါတယ်။

နာဆာရဲ့တွက်ချက်မှုအရ အိုလံပစ်ရေကူးကန်အရွယ်ရှိတဲ့ ဂြိုဟ်သိမ်ဟာ ၂၀၄၆ ခုနှစ် ချစ်သူများနေ့မှာ ကမ္ဘာနဲ့အနီးဆုံးကို ဖြတ်သန်းသွားမယ်လို့ နာဆာကပြောပါတယ်။

ဂြိုဟ်သိမ်ဟာ ကမ္ဘာကနေ မိုင်တသန်းကျော်လောက်နေ ဖြတ်သွားဖို့ရှိပြီး လက်ရှိမှာတော့ သုတေသီတွေဟာ အချက်အလက်တွေကို စုဆောင်းနေဆဲဖြစ်ပြီး သူတို့ရဲ့ခန့်မှန်းတွက်ချက်မှုဟာ ပြောင်းလဲသွားနိုင်ပါတယ်။

2023 DW ဂြိုဟ်သိမ်ဟာ နာဆာရဲ့ အန္တရာယ်ရှိတဲ့ ဂြိုဟ်သိမ်စာရင်းမှာပါ၀င်တာကြောင့် စောင့်ကြည့်မှုတွေလုပ်နေတာဖြစ်ပြီး လက်ရှိတွက်မှုအရ ကမ္ဘာကို၀င်တိုက်ဖို့ အခွင့်အလမ်း ၅၆၀ မှာ တကြိမ်သာရှိတယ်လို့ နာဆာကပြောပါတယ်။

တကယ်လို့ အဲဒီဂြိုဟ်သိမ် ကမ္ဘာကို၀င်တိုက်ခဲ့မယ်ဆိုရင်လည်း လွန်ခဲ့တဲ့ နှစ် ၆၆ သန်းအချိန်က ကမ္ဘာကိုကြီးမားတဲ့ ဂြိုဟ်သိမ်တခု၀င်တိုက်သလိုမျိုးထိ မပြင်းထန်ဘူးလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အဲဒီအချိန်ကတော့ ဒိုင်နိုဆောတွေမျိုးသုန်းခဲ့ရတဲ့ ပြင်းထန်ခဲ့ပါတယ်။

ဒါပေမယ့် 2023 DW ဂြိုဟ်သိမ်ဟာ မြို့ကြီးတွေလိုမျိုး လူနေထူထပ်တဲ့နေရာကို ကျရောက်မယ်ဆိုရင်တော့ သိသာထင်ရှားတဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်တုန်းက 2023 DW ဂြိုဟ်သိမ်ထက်၀က်လောက်ရှိတဲ့ ဥက္ကာပျံတခုကျရောက်မှုကြောင့် မိုင် ၂၀၀ ပတ်လည်အတွင်း အိမ်ပြတင်းပေါက်မှန်တွေ ကွဲတဲ့ထိပြင်းထန်ခဲ့ပြီး လူ ၁၅၀၀ဒဏ်ရာရရှိခဲ့ပါတယ်။

Ref: BBC
Photo:NASA
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW