ဇီးကုန်းမြို့မှာ နေအိမ်အတွင်းဝင်ကာ လုယက်မှုဖြစ်ပွားပြီး အိမ်ရှင် အပါအဝင် လူ ၃ ဦး သေဆုံး

မတ်လ ၁၂ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ နဂါးပေါ်ရပ်ကွက်မှာ မနေ့ မတ်လ ၁၁ ရက်နေ့ ၊ မနက်ပိုင်းက လုယက်မှုဖြစ်ပွားပြီး အိမ်စီးကား ၁ စီးပါသွားကာ ကားပိုင်ရှင် အပါအဝင် လူ ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” လူ ၃ ဦးကိုသတ်ပြီး အိမ်စီးကားကို လုယက်သွားတာဖြစ်တယ် ၊ သေဆုံးသူတွေကတော့ ဦးအုန်းကြိုင် (၅၂) နှစ်၊ ဦးဇော်အောင် (၅၀) နှစ် နဲ့ ဦးထွန်းညွန့် (၃၇) နှစ်တို့ဖြစ်တယ် ၊ သေတဲ့သူတွေက သေနတ်နဲ့ ပစ်ခံထားရတာ “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ လုယက်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” မနေ့က မနက်ပိုင်းမှာ ဖြစ်တာပါ၊ နေအိမ်ထဲမှာရှိတဲ့ အိမ်စီးကားကို လူ ၁၅ ယောက်လောက်က ဝင်လုတာဖြစ်တယ် ၊ ပါသွားတာက VAN အမျိုးအစား အဖြူရောင် SGG 2H/2525 ဖြစ်တယ်၊ အဲ့ဒီအပြင် သေဆုံးသူတွေရဲ့ ဖုန်းနဲ့ ပိုက်ဆံတွေလည်း ပါသွားတယ် ၊ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ သွားရင်းလာရင်း ကားလုယူခံရတဲ့ဖြစ်စဥ် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အကြိမ် ၄၀ ကျော်ရှိခဲ့ပြီး အဲ့ဒီအထဲက ကားပိုင်ရှင် တချို့ဟာ ဒီကနေ့အထိ ဆက်သွယ်မရ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကန့်ဘလူ #လုယက်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW