ဂျပန်-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲမစမီ နာရီပိုင်းအလိုမှာ တိုက်ချင်းပစ်ဒုံးကျည်ပစ်ခတ်ပြီး မြောက်ကိုရီးယားသတိပေး

ဆိုးလ်၊ မတ်-၁၆-၂၀၂၃
မျိုးဆက်(VOM)

တောင်ကိုရီးယားသမ္မတနဲ့ ဂျပန်၀န်ကြီးချုပ်တို့ ထိပ်သီးဆွေးနွေးပွဲမစတင်မီနာရီပိုင်းအလိုမှယ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်တစင်းကို ပစ်ခတ်ခဲ့ပြီး သတိပေးလိုက်ပါတယ်။

တိုက်ချင်းပစ်ဒုံးကျည်ကို မတ် ၁၆ ရက်နံနက်ပိုင်းမြှ မြောက်ကိုရီးယားကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံအနောက်ပိုင်း ပင်လယ်ပြင်သို့ မိုင် ၂၆၀ ထိပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်တာ၀န်ရှိသူတွေက ပြောပါတယ်။

အခုလိုပစ်ခတ်မှုဟာ တပတ်အတွင်း မြောက်ကိုရီးယား၏ စတုတ္ထအကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်မှုလည်းဖြစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ယခုပစ်ခတ်လိုက်တဲ့ ဒုံးကျည်ဟာ တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားဖြစ်ကြောင်း ဂျပန်စစ်တပ်က အတည်ပြုထားပြီး ဒုံးကျည်ဟာ ဂျပန်အထူးစီးပွားရေးဇုန်ပြင်ပသို့ ကျရောက်ခဲ့ကြောင်း ပြောပါတယ်။

လွန်ခဲ့တဲ့ မတ် ၉ ရက်၊ ၁၁ ရက်နဲ့ ၁၃ ရက်တွေမှာလည်း မြောက်ကိုရီးယားဟာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ခတ်စမ်းသပ်မှုပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ဟာ မတ် ၁၇ ရက်နေ့လယ်ပိုင်းမှာ ဂျပန်၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေချိန်မှာ မြောက်ကိုရီးယားအရေး အဓိကပါ၀င်ဖွယ်ရှိနေပါတယ်။

Ref:BBC
Photo: Yonhap
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW