လစ်ဗျားမှာ ယူရေနီယံနှစ်တန်ခွဲ ထူးဆန်းစွာ ပျောက်ဆုံးနေ

ဗီယင်နာ၊ မတ်-၁၆-၂၀၂၃
မျိုးဆက်(VOM)

လစ်ဗျားနိုင်ငံမှာ ထူးဆန်းပျောက်ဆုံးသွားတဲ့ ယူရေနီယံနှစ်တန်ခွဲကို ရှာဖွေဖို့ ကြိုးပမ်းနေကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(အိုင်အေအီးအေ) က မတ် ၁၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အိုင်အေအီးအေ စစ်ဆေးရေးမှူးတွေဟာ လစ်ဗျားရှိနေရာတခုကို ယခုသီတင်းပတ်အစောပိုင်းက သွားရောက်စစ်ဆေးရာမှာ ယူရေနီယံနှစ်တန်ခွဲထည့်သွင်းထားတဲ့ ပစ္စည်းများပျောက်ဆုံးနေတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။

အဲဒီယူရေနီယံတွေဟာ ဘယ်အချိန်ကပျောက်ဆုံးခဲ့တယ်ဆိုတာကို ရှင်းလင်းစွာမသိရသေးပါဘူး။

စစ်ဆေးရေးမှူးတွေဟာ အဲဒီနေရာကို ယမန်နှစ်ကတည်းက သွားရောက်ဖို့စီစဉ်ထားပေမယ့် လစ်ဗျားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

ယူရေနီယံသိုလှောင်ထားသည့်နေရာဟာ လစ်ဗျားအစိုးရထိန်းချုပ်မှုအောက်မှာမရှိကြောင၈်း အိုင်အေအီးအေက ထုတ်ပြန်ထားပြီး ဘယ်လိုပျောက်ဆုံးသွားတယ်ဆိုတာကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။

လစ်ဗျားအာဏာရှင် ကဒါဖီ ၂၀၁၁ ခုနှစ်မှာ ရာထူးကနေ ဖြုတ်ချခံရပြီးနောက် နိုင်ငံရေးနဲ့ စစ်ရေးသဘောကွဲလွဲမှုတွေကြောင့် နှစ်ဘက်အုပ်စုတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားလျှက်ရှိပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ဗီယင်နာ

Related posts

Leave a Comment

VOM News

FREE
VIEW