မြစ်ငယ်မြို့နယ် ဓားပြတိုက်မှုဖြစ်စဥ်က ပါဝင်ကျူးလွန်သူ(၃)ဦးကို ဖမ်းမိထား

မတ် ၊ ၁၇ ၊ ၂၀၂၃
SP + VOM

မန္တလေးတိုင်း ၊ အမရပူရမြို့နယ်၊မြစ်ငယ်မြို့၊ဆောက်တောဝအုပ်စု၊ဆောက်တောဝမြောက်ရွာမှာနေတဲ့ လူနေအိမ် တလုံးမှာ မတ် ၁၂ ရက် ၊ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ သိန်း ၇၀၀ နီးပါး ပါသွားတဲ့ ဖြစ်စဥ်က ပြစ်မှုကျူးလွန်သူတချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက သက်သေခံ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆောက်တောဝကျေးရွာနေ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

“ဖမ်းမိတာဟုတ်ပါတယ် မတ်လ ၁၄ရက်နေ့ကပါ၊ ကျူးလွန်သူအချို့ ကျန်သေးလို့ ဆက်လက်ဆောင်ရွက်နေပါတယ်၊ ဓားပြတိုက်ခံရတဲ့အိမ်ရဲ့ တောင်ဘက်နားက အမျိုးသမီးနဲ့ အမျိုးသား (၅)ဦးခန့်က ကျူးလွန်ခဲ့တာ အဲ့ဒီအထဲက အမျိုးသမီးအပါအဝင် (၃)ဦး ဖမ်းမိထားတာပါ”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။

အသက် ၇၀အရွယ် အိမ်ရှင် ဒေါ်လှကြည် တဦးတည်း နေအိမ်မှာရှိနေချိန် ဓားပြ ၄ ယောက်က အိမ်ထဲဝင်လာပြီး အိမ်ရှင် ဒေါ်လှကြည်ကို ဖမ်းဆီးချုပ်နှောင်ကာ နေအိမ်ထဲမှာ သိမ်းဆည်းထားတဲ့ ရွှေထည်းပစ္စည်းမျိုးစုံ သိန်း ၇၀၀ ဖိုးနီးပါး ယူသွားတာဖြစ်တယ် လို့ သိရပါတယ်။

အခုလို ဖမ်းဆီးရမိတာနဲ့ ပတ်သက်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကလည်း ” လူ ၃ ယောက် ဖမ်းမိထားတယ် ၊ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ဖြစ်တယ် ၊ ဆောက်တောဝ မြောက်ရွာမှာနေတဲ့ ဒေါ်လှကြည်နေအိမ် ဓားပြမှုဖြစ်စဥ်က တိုက်ရာပါ ရွှေထည်ပစ္စည်း လက်ကောက် ၇ ကွင်း၊ ရွှေဆွဲကြိုး ၂ ကုံး၊ ရွှေဆွဲသီး ၁ ခုနဲ့ ရွှေပန်း
ပွင့် ၁ ခု ကို လတ်တလော သိမ်းဆည်းရမိထားတယ် ၊ ကျန်ပစ္စည်းတွေနဲ့ ပြစ်မှုကျူးလွန်သူတွေကို ဆက်လက် ဖော်ထုတ်နေဆဲဖြစ်တယ်”လို့ ပြောပါတယ်။

အဲ့ဒီ ဆောက်တောဝကျေးရွာမှာ ဓားပြတိုက်ခံရတဲ့နေ့က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်း နဲ့ ၂၇လမ်းကြား အောက်ကမ်းနားလမ်းက ဒေါ်တော မုန့်တီဆိုင်မှာ ဓားပြတိုက်ခံရပြီး အဲ့ဒီဖြစ်စဥ်ကဿျူးလွန်သူတွေကိုတော့ လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

မန္တလေးတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ တုန်းက လုယက်မှုနဲ့ ဓားပြမှုဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ပြီး အဲ့ဒီဖြစ်စဥ်တွေက ပြစ်မှုကျူးလွန်သူ တချို့ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး ကျန်တဲ့လူတွေကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြစ်ငယ် #ဓားပြမှု #ဖမ်းဆီးရရှိမှု

Related posts

Leave a Comment

VOM News

FREE
VIEW