Myanmar National Airline (MNA) အပါအဝင် ကုမ္ပဏီ(၂၀)ရဲ့ Money Changer လိုင်စင်များ ပြန်ရုပ်သိမ်း

မတ် ၁၇ – ၂၀၂၃
SN (VOM)

Myanmar National Airline (MNA) အပါအဝင် ကုမ္ပဏီ(၂၀)ကို ခွင့်ပြုထုတ်ပေးထားတဲ့ Money Changer လိုင်စင်တွေကို ပြန်လည် ရုပ်သိမ်းလိုက်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မနေ့ မတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဲ့ဒီ့ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတဲ့အတွက် နိုင်ငံခြားငွေများ ‌ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License)ကို ဒါရိုက်တာအဖွဲ့ အစည်းအဝေးအမှတ် (၁/၂၀၂၃) ဆုံးဖြတ်ချက်အရ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်ကစလို့ ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုမ္ပဏီ(၂၀)ထဲမှာ Myanmar National Airlines အပါအဝင် သင်္ဘောလိုင်း၊ ဟိုတယ်နဲ့ ကုန်စည်ပို့ဆောင်သယ်ယူရေး အစရှိတဲ့ ကုမ္ပဏီအချို့လည်း ပါဝင်နေတာကို တွေ့ရပါတယ်။

“တရားဝင်အရောင်းအဝယ်တွေပိတ်တော့ တရားမဝင်တွေပိုပြီး အားကောင်းလာမှာပေါ့။ ဒီငွေလဲလုပ်ငန်းတွေက မဆလခေတ်မှာကတည်းက အားကောင်းလာပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်မှာတောင် ရှင်သန်လာတာ။ ဈေးကွက်စီးပွားရေးစနစ်မှာ ငွေလွှဲလုပ်ငန်းဆိုတာက မရှိမဖြစ်လေ။ အခုလို တရားဝင်တွေကို ပိတ်လိုက်တော့ မှောင်ခိုဈေးကွက်ကို ပိုပြီး အားပေးရာရောက်တာပေါ့။ ဒါနဲ့ပတ်သက်လို့ ဒေါ်လာဈေးနှုန်းကတော့ အပြောင်းအလဲကြီး သိပ်မဖြစ်နိုင်ဘူးလို့မြင်တယ်”လို့ စီးပွားရေးပညာရှင်တဦးက သုံးသပ်ပါတယ်။

ဗဟိုဘဏ်က ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်မည်းစာရင်း ထည့်သွင်းခံရမှုကို အကြောင်းပြပြီး ငွေကြေးဈေးကွက်အတွင်း မသမာမှုတွေ မပြုလုပ်ကြဖို့ သတိပေးထားပြီး စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတဲ့ ဆောင်ရွက်မှုတွေ တွေ့ရှိမယ်ဆိုရင် လိုအပ်သလို အရေးယူမယ်လို့ ကြေညာထားပါတယ်။

#voiceofmyanmar #VOM #ကုမ္ပဏီ၂၀ #ငွေလဲလှယ်ရေးလိုင်စင်တွေရုတ်သိမ်း

Related posts

✕
VOM News

FREE
VIEW