ဟိုပန်မြို့မှာ ရေတွင်းတူးတဲ့ အမျိုးသား၃ယောက်အောက်ဆီဂျင်ပြတ်ပြီး သေဆုံး

မတ် ၁၈ – ၂၀၂၃
GG(VOM)

ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ မန်ခိုင်ရပ်ကွက်၊ ကွင်းအမှတ်(၂/မန်မိုင်ကွင်း) မှာ ဒီနေ့မတ်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ရေတွင်းတူးသူ ၃ ယောက် အောက်ဆီဂျင်ပြတ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” နေ့လယ် ၂နာရီခွဲလောက်မှာဖြစ်တာပါ။ ရေတွင်းဆင်းတူးတဲ့ ၃ယောက်လုံးသေသွားတယ်။ ဒေသခံတွေလို့သိရတယ် ” လို့ ဟိုပန်ဒေသခံတဦးကပြောပါတယ်။

အမျိုးသား ၃ ယောက်ဟာ ရေတွင်းတူးစဥ် အထဲမှာအောက်ဆီဂျင်ပြတ်လတ်ပြီး သတိမေ့နေကြောင်း သတင်းရလို့ ရှာဖွေကယ်ဆယ်ရေးသွားရောက်လုပ်ခဲ့ပေမယ့် သေဆုံးနေတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ သေဆုံးသူ အမျိုးသား ၃ယောက်ကို စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် ဟိုပန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

ဟိုပန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကူညီလုပ်ကိုင်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ဟိုပန်

Related posts

Leave a Comment

VOM News

FREE
VIEW