ပန်းတောင်းမှာ လျှပ်စစ်မီးဖိုကနေ မီးလောင်လို့ အိမ် ၆လုံး မီးလောင်ပျက်စီး

မတ် ၂၀- ၂၀၂၃
GG (VOM)

ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ပန်းတောင်းမြို့နယ်က တလုပ္ပင်ရွာမှာ ဒီနေ့ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက နေအိမ် ၆လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ် ။

တလုပ်ပင်ရွာက နေအိမ်တအိမ်ရဲ့ လျှပ်စစ်မီးဖိုကနေ မီးလောင်းကျွမ်းတာဖြစ်ပြီး အဲ့ဒီကမှတဆင့် နောက်ထပ်နေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” မနက် ၈နာရီလောက်မှာမီးလောင်တယ်။တလုပ္ပင်ရွာက ဦးသန်းထွဋ်ရဲ့ မီးဖိုကနေ ရှော့ခ်ဖြစ်ပြီး မီးလောင်တာ၊ သူ့အိမ်ကမှ ဘေးအိမ်တွေကိုကူးပြီးလောင်တာပေါ့။”လို့ ပန်းတောင်း ဒေသခံ တဦးက ပြောပါတယ် ။

မီးလောင်ပျက်စီးခဲ့တဲ့နေအိမ်တွေက ပျဥ်ထောင်၊သွပ်မိုး သုံးပင်အိမ် တွေဖြစ်ကြောင်းနဲ့ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကတော့ သက်ဆိုင်ရာဌာနက စစ်ဆေးတွက်ချက်မှုလုပ်နေတယ်လို့သိရပါတယ်။

လက်ရှိမှာ မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းစေခဲ့တဲ့ နေအိမ်ပိုင်ရှင်ဦးသန်းထွဋ်ကို ဥသျှစ်ပင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပန်းတောင်း #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW