ပြင်သစ်မြို့ကြီးတွေမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွား

ပါရီ၊ မတ်-၂၅-၂၀၂၃
မျိုးဆက်(VOM)

ပြင်သစ်နိုင်ငံမှာ အငြိမ်းစားယူရမယ့် အသက်အရွယ်တိုးမြှင့်လိုက်တဲ့ အပေါ် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပြင်းထန်နေပြီး ဘော်ဒိုးမြို့ရှိ မြို့တော်ခန်းမကို ဆန္ဒပြသူတွေက မတ် ၂၃ ရက်မှာ မီးရှို့ခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံတ၀န်းမှာ မတ် ၂၃ ရက်က ဆန္ဒပြသူတစ်သန်းကျော်ရှိခဲ့ပြီး မြို့တော်ပါရီမှာ ၁၁၉၀၀၀ ထိရှိကြောင်း ပြင်သစ်ပြည်ထဲရေး၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေအသုံးပြုဖြိုခွဲခဲ့ပြီး နိုင်ငံတ၀န်းမှာ ဆန္ဒပြမှုနဲ့ဆက်နွယ်နေတဲ့ လူ ၈၀ ကျော်ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပါရီမြို့မှာတော့ဖမ်းဆီးခံရသူ ၃၃ ဦးထိရှိနေပါတယ်။

ဆန္ဒပြမှုတွေကြောင့် ရထားအပါအ၀င်အများပြည်သူသယ်ယူပို့ဆောင်ရေးတွေ အနှောက်အယှက်ဖြစ်ပေါ်ခဲ့ပြီး ရေနံချက်လုပ်ငန်တွေလည်း ထိခိုက်ခဲ့ကာ နိုင်ငံအနောက်ပိုင်း နန့်တက်စ်၊ ရန်းနက်စ်နဲ့ လောရန့်မြို့တွေမှာလည်း ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။

အဲဒီဆန္ဒပြမှုတွေအောင်မြင်နေကြောင်း အလုပ်သမားသဂ္ဂတွေနဲ့ လက်ဝဲနိုင်ငံရေးသမားတွေက ယူဆနေကြသော်လည်း ဘယ်လိုအခြေအနေဆက်မလဲဆိုတဲ့အပေါ် မေးခွန်းထုတ်မှုများရှိနေပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ပါရီ

Related posts

Leave a Comment

VOM News

FREE
VIEW